ဘိုင်ယန် မြူးနစ် ဥရောပ ချန်ပီယံ ဆွတ်ခူး ရရှိသွား

Image caption ဘိုင်ယန် အသင်းရဲ့ အောင်ပွဲခံ ဓါတ်ပုံ

ဂျာမန်က Bayern Munich အသင်း ဟာ မနေ့က လန်ဒန်က Wembley ကွင်းမှာ ကန်ခဲ့တဲ့ ပွဲမှာ နောက် ဂျာမန် အသင်း တသင်း ဖြစ်တဲ့ Borussia Dortmund ကို နှစ်ဂိုး တဂိုးနဲ့ နိုင်သွားတာကြောင့် ဥရောပ ချန်ပီယံစ် လိဂ် ဖလားကို ဆွတ်ခူးရရှိသွားပါတယ်။

ဒါဟာ ဘိုင်ယန် မြူးနစ် အသင်းအတွက် လေးနှစ် အတွင်း တတိယ အကြိမ် နောက်ဆုံး ဗိုလ်လုပွဲ အဆင့်တက်ခဲ့တာ ဖြစ်ပြီး ချန်ပီယံစ် လိဂ် ဖလားကို ငါးကြိမ်မြောက် ဆွတ်ခူး ရရှိတာ ဖြစ်ပါတယ်။

မနေ့က ကန်တဲ့ ပွဲမှာ ဘိုင်ယန် မြူးနစ် အသင်းဟာ နှစ်ဂိုးလုံးကို ဒုတိယပိုင်း မှာ သွင်းခဲ့တာ ဖြစ်ပြီး အနိုင်ဂိုးကိုတော့ ၈၉ မိနစ် အကြာမှာ Arjen Robben က ကန်သွင်း ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ