လူမျိုးရေး ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး တက်တက်ကြွကြွ လုပ်သင့်တယ် ဖီဖာ ဒု ဥက္ကဌပြော

  • 31 မေ 2013
Image caption ဖီဖာ ဒု ဥက္ကဌ Jeffrey Webb

အားကစားလောကမှာ လူမျိုး ခွဲခြား ဆက်ဆံမှု တိုက်ဖျက်ရေးကို တက်တက်ကြွကြွ လုပ်သင့်တယ် ကမ္ဘာဘောလုံး အဖွဲ့ချုပ် ဖီဖာရဲ့ လူမျိုးရေး ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး အဖွဲ့ အကြီးအကဲက ထုတ်ပြန် လိုက်ပါတယ်။

ဖီဖာ ဒုတိယ ဥက္ကဌ ဂျက်ဖရီ ဝက်ဘ်က လူမျိုးခွဲခြား ဆက်ခံမှုကို ချေမှုန်း သုတ်သင်ဖို့ ရေးစွဲထားတဲ့ အဆိုပြုလွှာ ၂ဝဝ ကျော်ပါတဲ့ အစီအစဉ် တခုကို တင်ပြခဲ့ပါတယ်။

အဲဒီ အထဲမှာ ကစားသမားကို ပွဲလာကြည့်သူတွေက လူမျိုးရေး စော်ကားတဲ့ စကားတွေနဲ့ စော်ကားရင် သူတို့ ထောက်ခံတဲ့ အမျိုးသား အသင်းကို အမှတ် လျော့ပစ်တာ ဒါမှမဟုတ် နောင် ကစားမယ့် ကမ္ဘာဖလားပွဲမှာ ဝင်မကစားနိုင်အောင် တားမြစ်ထားတာတွေ ပါဝင်ပါတယ်။

လူမျိုးခွဲခြား ဆက်ဆံမှုဟာ ကန့်ကွက် ရှုတ်ချစရာ ကောင်းတယ် ၊ ဖီဖယ အနေနဲ့ ဒါမျိုးကို လုံးဝ လက်သင့်ခံမှာ မဟုတ်ဘူးလို့ မစ္စတာ ဝက်ဘ်က ပြောပါတယ်။

ဒီနေ့ သောကြာနေ့မှာ မောရစ်သျှ နိုင်ငံမှာ ကျင်းပနေတဲ့ နှစ်စဉ် ညီလာခံမှာ အဆိုပြုလွှာတွေကို မဲခွဲ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။