၂၀၁၃-၁၄ အင်္ဂလန် ပရီမီယာလိဒ် ပွဲစဉ်ဇယားထွက်ပြီ

  • 19 ဇွန် 2013

လာမယ့် ၂၀၁၃/၁၄ ဘောလုံးရာသီ အင်္ဂလန် ပရီးမီးယား လိဂ် အတွက် ပွဲစဉ် ဇယားတွေ ထွက်လာပါပြီ။

ပထမဆုံးနေ့ သြဂုတ်လ ၁ရ ရက် ပွဲဦးထွက် ကစားကြမှာကတော့ ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်ဟာ ဆွမ်ဆီးနဲ့ အဝေးကွင်း ကစားရမှာပါ။

နောက် မန်စီးတီးနဲ့ နယူးကာဆယ် ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ ဟားလ်၊ အာဆင်နယ်နဲ့ အက်စတန်ဗီလာ တို့ကစားကြမှာ ဖြစ်ပါတယ်။