သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တပတ်အတွင်း အားကစားသတင်း

Image caption ဘရာဇီးရဲ့ နေမာ ဒုတိယ ပီလီ ဖြစ်လာမလား။

ဗြိတိန်မှာတော့ နွေရာသီရဲ့ အထင်ကရ အဖြစ်ဆုံး ပြိုင်ပွဲကြီး တွေထဲက တခုဖြစ်တဲ့ ဝင်ဘယ်လ်ဒန် တင်းနစ် ပြိုင်ပွဲကြီး စတင်ပြီ ဖြစ်ပါတယ်။

မနှစ်က ဗိုလ်လုပွဲမှာ ရှုံးခဲ့ရပေမယ့် ဝင်ဘယ်လ်ဒန် ကွင်းမှာပဲ အိုလံပစ် တင်းနစ် မှာ ရွှေရယူနိုင်ခဲ့တဲ့ ဗြိတိန်သား အင်ဒီ မာရေး ဒီတကြိမ်တော့ နိုင်လောက်ရဲ့လို့ မှန်းနေကြသူတွေလည်း အများအပြားပဲ ဖြစ်ပါတယ်။ အမျိုးသမီး ပွဲစဉ် တွေ့ဘက်မှာတော့ ဆရီနာ ဝီလီယမ်းစ် လို့ မှန်းနေကြပါတယ်။ အဲဒီတော့ ဒီတကြိမ် ဝင်ဘယ်လ်ဒန်မှာ ဘယ်သူတွေ အောင်ပွဲခံနိုင်ကြမလဲ။

ဘောလုံး ဘက်မှာလည်း ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ တိုက်ကြီးများ ဖလား ဘောလုံး ပြိုင်ပွဲမှာ ဘယ်အသင်းတွေ အခြေအနေကောင်းလို့ ဘယ်အသင်းတွေ ဗိုလ်စွဲနိုင်သလဲ စတဲ့ ခန့်မှန်းချက် သုံးသပ်ချက် တွေကို ကိုဇေယျာက တင်ဆက် ပေးထားပါတယ်။