Fulham အသင်းကို ရောင်းလိုက်ပြီ

  • 13 ဇူလိုင် 2013

နာမည်ကြီး Harrods ကုန်တိုက်ပိုင်ရှင်ဟောင်း Mohamed Al Fayed ဟာ သူ ၁၆ နှစ်ကြာ ပိုင်ဆိုင်ခဲ့တဲ့ Fulham အသင်းကို ဘီလျံနာ အမေရိကန် ကားပစ္စည်းထုတ်လုပ်ရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်ကြီး Shahid Khan ကို ရောင်းလိုက်တာ ဖြစ်ပါတယ်။

ဘယ်လောက်နဲ့ ရောင်းတယ်ဆိုတာ မသိရပေမယ့် မီဒီယာတွေမှာတော့ ပေါင် သန်း ၁၅၀ နဲ့ ၂၀၀ ကြားမှာ ရှိမယ်လို့ ရေးနေကြပါတယ်။

အင်္ဂလန်ပရီယာလိဒ်မှာ အမေရိကန်တွေ ပိုင်တဲ့ ဘောလုံးအသင်း ၆ သင်းရှိသွားပြီ ဖြစ်ပါတယ်။