ဒီဇင်ဘာ ၁၀ ရက် ဥရောပ ချန်ပီယံစ်လိဂ် ပွဲစဉ်များ

  • 9 ဒီဇင်ဘာ 2013
Man City

ဒီဇင်ဘာ ၁၀ ရက် အင်္ဂါည (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးမနက် ၂ နာရီ ၁၅ မှာ) ဥရောပ ချန်ပီယံစ်လိဂ် ဘောလုံးပွဲစဉ်တွေထဲမှာ ….

ဘိုင်ယန်မြူးနစ် နဲ့ မန်စီးတီး

ဂျာမနီက ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလန်က မန်ချက်စတာ စီတီးအသင်းတို့ တွေ့ကြမှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ လက်ရှိ ဥရောပချန်ပီယံစ်ကလပ်အသင်းဖြစ်သလို ဂျာမနီ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားမှာလဲ လောလောဆယ် ထိပ်ဆုံးက ခြေစွမ်းပြနေတဲ့ အသင်းဖြစ်ပါတယ်။

ဒီပွဲမှာ မန်စီးတီးအနေနဲ့ ဂျာမနီကိုသွားပြီး ဘိုင်ယန်ရဲ့ အိမ်ကွင်းကို သွားကန်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘိုင်ယန် မန်နေဂျာ ဂွာဒီယိုလာ ကတော့ မန်စီးတီးအသင်းမှာ မန်စီးတီးအသင်းမှာ ကစားသမားကောင်းတွေ ရှိလို့ သူ့အသင်းအတွက် အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။

မန်ချက်စတာယူနိုက်တက် နဲ့ ရှက်တာ ဒေါနစ်

နောက် အင်္ဂလန်အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကတော့ အိမ်ကွင်းမှာပဲ ရှက်တာ ဒေါနစ်စ်နဲ့ ကန်မှာဖြစ်ပါတယ်။

လတ်တလော ပရီမီးယားလိဂ် ပွဲစဉ်တွေမှာ အိမ်ကွင်းမှာပဲ အရှုံးတွေပေါ်နေတဲ့ မန်ယူဟာ ဥရောပပွဲစဉ်တွေမှာတော့ အခြေအနေကောင်းနေပါတယ်။

မန်ယူဟာ ဒီညပွဲစဉ် ရလာဒ် ဘယ်လိုပဲဖြစ်ဖြစ် ချန်စ်ပီယံစ်လိဂ် နောက်ဆုံး ရှုံးထွက် ၁၆ သင်းမှာ ပါဖို့ ရှိနေပါတယ်။

အခြားပွဲစဉ်များ

အင်္ဂါညမှာ ကန်မယ့် ချန်စ်ပီယံစ်လိဂ် နောက်ထပ်ပွဲစဉ်တွေကတော့

FC Copenhagen နဲ့ Real Madrid

Real Sociedad နဲ့ Bayer 04 Leverkusen

Galatasaray နဲ့ Juventus

Benfica နဲ့ Paris Saint Germain

Viktoria Plzen နဲ့ CSKA

ပွဲစဉ်အားလုံးဟာ တပြိုင်နက်တည်း ကန်ကြမှာ ဖြစ်ပါတယ်။