ကာတာမှာ ကမ္ဘာ့ဖလားကျင်းပနိုင်ရေး လာဘ်စားမှုရှိ

  • 1 ဇွန် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဖီဖာ အရာရှိ တွေကို ဒေါ်လာ သန်းနဲ့ ချီပြီး ပေးခဲ့ တယ်လို့ ဆို

၂၀၂၂ ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲ ကာတာ နိုင်ငံ မှာ ကျင်းပခွင့် ရအောင် ကမ္ဘာ့ ဖလား ဘောလုံး အဖွဲ့ချုပ် ဖီဖာ အရာရှိ တွေကို လာဘ်ထိုး ခဲ့တယ် ဆိုပြီး စွပ်စွဲ မှုတွေ ထွက်ပေါ် နေပါတယ်။

လန်ဒန်မြို့မှာ ထုတ်ဝေတဲ့ The Sunday Times သတင်းစာက သူတို့ ရရှိ ထားတဲ့ အချက် အလက်တွေ ကို ထုတ်ပြန် ရာမှာ ဖီဖာ အမှုဆောင် ကော်မတီဝင် ဟောင်း ဖြစ်သူ ကာတာ နိုင်ငံသား မိုမာမက် ဘင် ဟမ်မမ် ဟာ ဖီဖာ အရာရှိ တွေကို ဒေါ်လာ သန်းနဲ့ ချီပြီး ပေးခဲ့ တယ်လို့ ဆိုပါတယ်။

ဒီစွပ်စွဲချက်တွေ မှန်ကန်ကြောင်း သက်သေ ခိုင်လုံမယ် ဆိုရင်၊ ၂၀၂၂ ကမ္ဘာ့ ဖလား လက်ခံ ကျင်းပမယ့် နိုင်ငံကို ပြန်ရွေးဖို့ အတွက် ထောက်ခံ သွားမယ်လို့ ဖီဖာ ဒုတိယ ဥက္ကဌ ဂျင်မ်ဘွိုင့်စ် က ပြောကြားလိုက် ပါတယ်။

မစ္စတာ ဘင် ဟမ်မမ် ကတော့ အခုလို စွပ်စွဲ ချက်တွေ အပေါ် မှတ်ချက်ပြု ပြောဆိုဖို့ ငြင်းဆန်လိုက် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ