၂၀၁၄ ကမ္ဘာ့ဖလား အုပ်စု F အနေအထား

  • 5 ဇွန် 2014
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဓာတ်ပုံ မူပိုင် b
Image caption အုပ်စု F မှာ အာဂျင်တီးနား၊ ဘော့စနီးယား ဟာဇီဂိုဗီးနား၊ အီရန် နဲ့ နိုင်ဂျီးရီးယား အသင်းတွေ ပါဝင်

၂၀၁၄ ကမ္ဘာ့ ဖလားရဲ့ အုပ်စု F မှာတော့ အာဂျင်တီးနား၊ ဘော့စနီးယား ဟာဇီဂိုဗီးနား၊ အီရန် နဲ့ နိုင်ဂျီးရီးယား အသင်းတွေ ပါပါတယ်။

အာဂျင်တီးနား

ဓာတ်ပုံ မူပိုင် AP
Image caption မက်ဆီ ပါဝင်တဲ့ အာဂျင်တီးနားအသင်း

အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ အဆင့် နံပါတ် ၅ မှာ ရှိနေပါတယ်။

ပုံမှန်အားဖြင့် တိုက်စစ် အသားပေးတဲ့ ၄-၃-၃ နဲ့ ကစားတတ်ပေမယ့် ပွဲကျပ်တွေ ကစားရမယ် ဆိုရင်တော့ ခံစစ် ဦးစားပေး ၅-၃-၂ ဖြစ်သွားပါတယ်။

နည်းပြကတော့ အလက်ဟန်ဒရို ဆဗဲယာ ဖြစ်ပြီး သူဟာ အရင် ၉၈ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အာဂျင်တီးနား အသင်းရဲ့ နည်းပြ အဖွဲ့ဝင် တစ်ဦးပါ။

သူတို့အသင်းမှာ တကယ့် တိုက်စစ်သမားကောင်းတွေ ဖြစ်တဲ့ မက်ဆီ၊ ဟီဂွာယိန်း ၊ အဂွဲရိုးနဲ့ ဒီမာရီယာ တို့ ၄ ဦး ပါနေပါတယ်။

ဒီထဲက စောင့်ကြည့်ရမယ့် သူကတော့ ဘာစီလိုနာရဲ့ မက်ဆီပဲ ဖြစ်ပါတယ်။ မက်ဆီဟာ အရင်က နိုင်ငံတကာ ပွဲတွေမှာ ၁၆ ပွဲ ဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့ရာက နည်းပြသစ် ဆဗဲယာ ၂၀၁၁ မှာ အသင်းကို စကိုင်ပြီး သူ့ကိုလည်း အသင်းခေါင်းဆောင် အဖြစ် ပေးခဲ့တဲ့ နောက်မှာ ၂၁ ပွဲမှာ ဂိုး ၂၀ သွင်းယူနိုင်ခဲ့လို့ အခုပြိုင်ပွဲမှာ ခြေစွမ်းပြဖို့ မက်ဆီ အသင့်ဖြစ်ပြီလို့ ပြောနေကြပါတယ်။

နောက်ထပ် စောင့်ကြည့်ရမယ့်သူ ကတော့ ရီးယဲလ် မဒရစ်ရဲ့ တောင်ပံ တိုက်စစ်မှူး အန်ဟဲလ် ဒီမာရီယာပဲ ဖြစ်ပါတယ်။

အာဂျင်တီးနား အသင်းဟာ တိုက်စစ်ပိုင်းမှာ အင်အား ကောင်းသလောက် ခံစစ်ပိုင်းကတော့ အားနည်းတယ်လို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

သူတို့ရဲ့ ဂိုးသမား ဆာဂျီရို ရိုမဲရိုဟာ မော်နာကို အသင်းမှာ ပွဲမထွက်ရလို့ ဆမ်ဒိုးရီးယားကို ပြောင်းကစားရသလို နောက်ခံ အလယ်လူ ဖာနန်ဒက်ဇ်နဲ့ ဘယ်နောက်ခံလူ ရိုဟို တို့ဟာလည်း အတွေ့အကြုံ နည်းတယ်လို့ ပြောကြပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ၁၉၇၈ နဲ့ ၁၉၈၆ ပွဲတွေမှာ ချန်ပီယံ ၂ ကြိမ် ရခဲ့ဖူးသလို တောင်အမေရိက တိုက်မှာ ကျင်းပတဲ့ ပြိုင်ပွဲ ဖြစ်ပြန်တာကြောင့် ဒီတစ်ကြိမ် သူတို့ တော်တော် ခရီးရောက်ဖို့ အခြေအနေ ပေးနေပါတယ်။

ဘော့စနီးယား ဟာဇီဂိုဗီးနား

ဓာတ်ပုံ မူပိုင် AP
Image caption ဘော့စနီးယား ဟာဇီဂိုဗီးနား အသင်း

ဘော့စနီးယား ဟာဇီဂိုဗီးနား အသင်းဟာ ကမ္ဘာ့ အဆင့် ၂၁ ပါ။ ၄-၄-၂ အခြေခံပြီး ကစားပေမယ့် တိုက်စစ် ဦးစားပေးတဲ့ အသင်းပါ။

နည်းပြကတော့ ၁၉၈၂ နဲ့ ၁၉၉၀ ကမ္ဘာ့ဖလားတွေမှာ ယူဂိုဆလားဗီးယားကို ကိုယ်စားပြုပြီး ကစားခဲ့ဖူးတဲ့ ဆာဖက် ဆူဆစ်ချ် ဖြစ်ပါတယ်။

စောင့်ကြည့်ရမယ့် ကစားသမားကတော့ ရိုးမား အသင်းက ပျန်းနစ်ချ် ဖြစ်ပြီး အလွတ် တည်ကန်ဘောတွေ အလွန်ကောင်းတယ်လို့ ဆိုကြပါတယ်။

ပြီးတော့ တိုက်စစ်မှူး အက်ဒင် ဂျက်ကို နဲ့ ဗဒက် အီဗီစီဗစ်ချ် တို့ ၂ ဦးကလည်း ဂိုးသွင်းကောင်းသူတွေ ဖြစ်ပါတယ်။

အီရန်

ဓာတ်ပုံ မူပိုင် AP
Image caption အုပ်စုက မကျွတ်ဖူးသေးတဲ့ အီရန် အသင်း။

ဒီအုပ်စုမှာ အာရှတိုက်ကို ကိုယ်စားပြုနေတဲ့ အသင်းကတော့ အီရန် အသင်းပါ။ လက်ရှိ ကမ္ဘာ့အဆင့် ၄၃ ပါ။

နည်းပြကတော့ အရင်က မန်ယူအသင်းမှာ လက်ထောက် နည်းပြ လုပ်ခဲ့တဲ့ ပေါ်တူဂီ နည်းပြဟောင်းလည်း ဖြစ်တဲ့ ကားလို့စ် ကဲရော့ဇ် ဖြစ်ပါတယ်။

အဓိက ကစားသမားက အသင်းခေါင်းဆောင် ဂျဗက် နက်ခွန်နန် ဖြစ်ပြီး တိုက်စစ်မှူး ရေဇာ ဂူးချန်နာဂျက် ကတော့ စောင့်ကြည့်ရမယ့် ကစားသမားပါ။

ပြီးခဲ့တဲ့ ၁၉၇၈ ၊ ၁၉၉၈ နဲ့ ၂၀၀၆ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေ ဝင်ခဲ့ပေမယ့် တစ်ခါမှ အုပ်စုက မကျွတ်ခဲ့ပါဘူး။

နိုင်ဂျီးရီးယား

ဓာတ်ပုံ မူပိုင် AP
Image caption ကမ္ဘာ့အဆင့် ၄၄ နိုင်ဂျီးရီးယား အသင်း။

အာဖရိက ကိုယ်စားပြု ထားတဲ့ နိုင်ဂျီးရီးယား အသင်းကတော့ ကမ္ဘာ့ အဆင့် ၄၄ ပါ။ သူတို့ဟာ အာဖရိက တိုက်မှာ ရှုံးပွဲမရှိ ခြေစစ်ပွဲ အောင်ခဲ့တဲ့ ၂ သင်းထဲက တစ်သင်း ဖြစ်ပါတယ်။

နည်းပြကတော့ စတီဗင် ကက်ရှီ ဖြစ်ပါတယ်။ စောင့်ကြည့်ရမယ့် ကစား သမားကတော့ ဗစ်တာ မိုးဆက်ဇ် ပါ။

နိုင်ဂျီးရီးယား အသင်းဟာ ၁၉၉၄ နဲ့ ၁၉၉၈ ပြိုင်ပွဲတွေမှာ နောက်ဆုံး ၁၆ သင်း အဆင့်ကို ရောက်ခဲ့ပေမယ့် ၂၀၀၂ နဲ့ ၂၀၁၀ ပြိုင်ပွဲတွေမှာတော့ အုပ်စုကပဲ လှည့်ပြန်လာခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ