ပြိုင်ပွဲဝင် အသင်းတွေရဲ့ ရေပန်းစားမှု အခြေအနေ

  • 11 ဇွန် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးက ဘရာဇီး

မကြာခင် စတော့မယ် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ဘယ်အသင်းတွေ တက်လာမလဲ ခန့်မှန်း နေကြရာမှာ အုပ်စု ကျွတ်ပြီး နောက်ဆုံး ၁၆ သင်း အဆင့်ကိုပါ ကျော်နိုင်မယ့် အသင်းတွေ ကတော့ ပြင်သစ်၊ ဂျာမနီ ၊ အာဂျင်တီးနား၊ ပေါ်တူဂီ၊ စပိန်၊ ဘရာဇီး၊ အီတလီနဲ့ အင်္ဂလန် သို့မဟုတ် ဥရုဂွေးတို့ ဖြစ်နိုင်ကြောင်း ခန့်မှန်းနေကြပါတယ်။

အဲဒီအသင်းတွေ ကွာတားဖိုင်နယ် ပွဲတွေ ကစားပြီး နောက်တဆင့် ဆီမီးပွဲတွေကို ဘယ်သူတွေ တက်ရောက်နိုင်မလဲ ထပ်ပြီး ခန့်မှန်းရင်တော့ တောင်အမေရိက ၂ သင်းဖြစ်ကြတဲ့ အိမ်ရှင် ဘရာဇီးနဲ့ အာဂျင်တီးနား၊ ဥရောပက လက်ရှိ ချန်ပီယံ စပိန် နဲ့ ဂျာမနီ အသင်းတွေ တက်လာဖို့ များနေပါတယ်။

ဆွဲထားတဲ့ ပွဲစဉ် ဇယားအရ ဘရာဇီးနဲ့ ဂျာမနီတို့ တွေ့နိုင်သလို အာဂျင်တီးနားကတော့ စပိန်အသင်းနဲ့ပဲ ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။

အဲဒီမှာ နိုင်တဲ့ ၂ သင်းက ဗိုလ်လုပွဲ တက်ပြီး ကျန် ၂ သင်းကတော့ တတိယ နေရာကို လုရမှာ ဖြစ်ပါတယ်။

လောလောဆယ် ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်းကတော့ ဘရာဇီး ဖြစ်ပြီး သူ့နောက်မှာ အာဂျင်တီးနား၊ ဂျာမနီနဲ့ စပိန် အသင်းတွေ အစဉ်လိုက် ရှိနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ