ဇွန် ၁၇ ရက် ကမ္ဘာ့ဖလား သတင်း

  • 17 ဇွန် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ခရိုအေးရှားနဲ့ ပွဲမှာ ပိုင်နယ်တီ ကန်သွင်းနေတဲ့ နေမာ

ဒီနေ့ ကစားမယ့် ၃ ပွဲမှာ အရင်ဆုံး အုပ်စု H အသင်းတွေ ဖြစ်တဲ့ ဘယ်လ်ဂျီယံနဲ့ အယ်လ်ဂျီးရီးယား တို့ကစားကြဖို့ ရှိပါတယ်။

ဘယ်လ်ဂျီယံ ဘက်က တိုက်စစ်မှူး ရိုမဲလူ လူကာကူ ဒဏ်ရာ သက်သာလို့ ပြန်ကစားနိုင်ပြီလို့ ဆိုပါတယ်။

အယ်လ်ဂျီးရီးယား ဘက်ကတော့ ခြေကျင်းဝတ် ဒဏ်ရာရထားတဲ့ အလယ်တန်း သမား ဟာဆန် ယဲဘာ ကစားနိုင်ဖို့ သိပ်မသေချာ ဖြစ်နေပါတယ်။

ဒုတိယပွဲ ကတော့ အုပ်စု A က ဘရာဇီးနဲ့ မက္ကဆီကိုတို့ ကစားဖို့ ရှိပါတယ်။

ဒီ ၂သင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ အရင်က ၃ ကြိမ်တွေ့ခဲ့ဖူးပြီး အကြိမ်တိုင်း ဘရာဇီးက ပေးဂိုးမရှိ အနိုင်ယူထားခဲ့ပါတယ်။

အခုပွဲမှာတော့ ဘရာဇီး တိုက်စစ်မှူး ဟာ့ခ် ဘယ်ဘက်ပေါင် ဒဏ်ရာရနေလို့ ကစားနိုင်ဖို့ မသေချာ ဖြစ်နေပြီး သူ့နေရာမှာ ရာမေးရက်ဇ် ဝင်လာလိမ့်မယ်လို့ မှန်းနေကြပါတယ်။ အဲဒီလို ဆိုရင် သူတို့ ကစားပုံကို ၄-၃-၃ နဲ့ ပြောင်းကစားကောင်း ကစားနိုင်ပါတယ်။

မက္ကဆီကိုကတော့ ယခင် သူ့ရဲ့ ကစားပုံအတိုင်း ၅-၃-၂ နဲ့ပဲ ကစားမှာ ဖြစ်ပြီး လူအပြောင်းအလဲ မလုပ်ဘဲ အရင်ပွဲက ပွဲထွက် စာရင်းနဲ့ပဲ ကစားမယ်လို့ နည်းပြ မီဂဲလ် ဟာရဲရာက ပြောပါတယ်။

ဒါကြောင့် မက္ကဆီကို အတွက် တတိယ ဂိုးအများဆုံး သွင်းထားပေးတဲ့ ဟာနန်ဒက်ဇ် တယောက် ဘေးထွက် ထိုင်နေရဦးမှာ ဖြစ်ပါတယ်။

နောက်ဆုံး ကစားမယ့် ပွဲကတော့ အုပ်စု H အသင်းတွေ ဖြစ်တဲ့ ရုရှားနဲ့ တောင်ကိုရီးယား တို့ပွဲ ဖြစ်ပါတယ်။

ရုရှား အသင်းမှာတော့ ဒူးဒဏ်ရာ ရသွားခဲ့တဲ့ အသင်းခေါင်းဆောင် ရိုမန် ရှီရိုကော့ဗ် မပါနိုင်တော့ပါဘူး။

တောင်ကိုရီးယား ကတော့ အာဆင်နယ် အသင်းမှာ ကန်နေတဲ့ ပါ့ချူယောင်းက တိုက်စစ်ကို ဦးဆောင် ကစားသွားမယ့် သဘော ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ