ဇွန် ၁၈ ရက် ကမ္ဘာ့ဖလား သတင်း

  • 18 ဇွန် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption နယ်သာလန် တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီ

ဒီနေ့ ဇွန်လ ၁၈ ရက်နေ့မှာ ကစားကြမယ့် အုပ်စုပတ်လည် ပွဲတွေထဲက ပထမဆုံး ပွဲကတော့ အုပ်စု B က သြစတေးလျ အသင်းနဲ့ နယ်သာလန် အသင်းတို့ ကစားမှာ ဖြစ်ပါတယ်။

သြစတေးလျ ဘက်က ညာနောက်ခံလူ အီဗန် ဖရန်နစ်ချ် နာသွားလို့ သူ့နေရာမှာ ရိုင်ယန် မက်ဂိုဝင် ဝင်ကစား ရဖို့ များပါတယ်။

နယ်သာလန်ကတော့ ဒဏ်ရာရတဲ့ ကစားသမား မရှိပါဘူး။ စပိန်နဲ့ ကစားခဲ့တဲ့ ၅-၃-၂ နေရာမှာ အရင်ပုံစံ ၄-၃-၃ နဲ့ ပွဲထွက်လာဖို့ များပါတယ်။

ဒုတိယ ပွဲကတော့ အုပ်စု B ကပဲ စပိန် နဲ့ ချီလီတို့ရဲ့ ပွဲပါ။

သူတို့ ၂ သင်း အရင်က ၁၀ ကြိမ် တွေ့ဖူးခဲ့ရာမှာ စပိန်က ၈ ပွဲနိုင်ပြီး သရေက ၂ ပွဲ ဖြစ်ပါတယ်။

စပိန် နည်းပြကြီး ဗင်းချန်းတေ ဒဲလ်ဘောစကဲ က ဂိုးသမား အီကာ ကာဆီးလပ်စ်ကို ဖယ်ပြီး သူ့နေရာမှာ ပေပေ ရေနာနဲ့ အစားထိုးမလား စောင့်ကြည့်ရမှာပါ။

နောက် ဂိုးသမား တဦးဖြစ်တဲ့ ဒေးဗစ် ဒါဟဲယား ကတော့ နာနေတယ်လို့ သိရပါတယ်။

ဒီနေ့ပွဲမှာ ပက်ဒရိုနဲ့ ဟာဗီ မာတီနက်ဇ် တို့ စပိန် ပွဲထွက်စာရင်းမှာ ပါလာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ချီလီမှာတော့ မေလ အတွင်းက ဒူးခွဲခဲ့ရတဲ့ အဓိက အလယ်တန်း သမား အာတူရို ဗီဒါးလ် ဝင်ကစားနိုင်ဖို့ များပြီး အဓိက တိုက်စစ်သမား အလက်စီ ဆန်းချေ့စ် နဲ့ စပိန်ရဲ့ နောက်တန်းက ပီကေတို့ အားပြိုင်ကြရမယ့် ပွဲပါ။

နောက်ဆုံး ကစားမယ့် ပွဲကတော့ အုပ်စု A က ကင်မရွန်းနဲ့ ခရိုအေးရှား တို့ရဲ့ပွဲ ဖြစ်ပါတယ်။

ကင်မရွန်း အသင်းခေါင်းဆောင် အက်တိုး ဒူး ဒဏ်ရာ ရထားပေမယ့် ကစားနိုင်မယ်လို့ ခန့်မှန်း နေကြပါတယ်။

ခရိုအေးရှား ဘက်ကတော့ ပွဲပယ် ခံနေရတဲ့ တိုက်စစ်မှူး မန်ဇူးကစ်ချ် ပြန်ကစား နိုင်ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ