ဇွန် ၂၀ ရက် အုပ်စုပွဲစဉ်တွေ အနေအထား

  • 20 ဇွန် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အီတလီ ဂိုးသမား ဘူဖွန်

ဒီနေ့ ကစားမယ့် အုပ်စုပွဲစဉ် ၃ ပွဲအနက် ပထမဆုံး ကစားမယ့် အုပ်စု D က အီတလီနဲ့ ကော့စတာ ရီကာတို့ ပွဲမှာတော့ ပထမ အင်္ဂလန်နဲ့ ပွဲမှာ မကစား နိုင်ခဲ့တဲ့ အီတလီက ဂိုးသမား ဘူဖွန် ပြန်ပွဲထွက်လာဖို့ များပါတယ်။

အလယ်တန်းက အင်ဒရီယာ ဘာဇာဂလီနဲ့ ဒန်နီယဲလ် ဒရော့ဆီတို့ကတော့ ဒဏ်ရာ နည်းနည်း ရထားပေမယ့် ကစားနိုင်မယ့် အလားအလာတော့ ရှိပါတယ်။

ကော့စတာရီကာ ကတော့ ဥရုဂွေးကို အနိုင်ကစားခဲ့တဲ့ ၅-၄-၁ ကစားကွက်နဲ့ပဲ ဆက်ပြီး ပွဲထွက်လာမှာပါ။

သူတို့အသင်းရဲ့ တိုက်စစ်ကို တော့ ဂျိုးလ် ကမ့်ပဲလ်နဲ့ ဘရိုင်ယန် ရူဝီဇ် တို့ပဲ ဦးဆောင်ဖို့ များပါတယ်။

ဒုတိယ ပွဲကတော့ အုပ်စု E က ဆွစ်ဇာလန်နဲ့ ပြင်သစ် တို့ဖြစ်ပြီး ဆွစ်ဇာလန် ဘက်က ပြီးခဲ့တဲ့ပွဲမှာ ဂိုးတွေ သွင်းခဲ့တဲ့ အရန် ကစားသမားတွေနဲ့ စပြီး ပွဲထွက် မလား ဆိုတာ စောင့်ကြည့်ရမှာပါ။

ပြင်သစ် အသင်းကတော့ ပေါင်ခြံ ဒဏ်ရာ ရထားတဲ့ အလယ်တန်းသမား ယိုဟန်ကဘိုက် ပြန်ကစား နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ကာဘိုက်နဲ့ အတူ အဲဗရာနဲ့ ပေါ့ဂ်ဘာတို့ဟာ အခုပွဲမှာ တစ်ဝါ ထိတာနဲ့ ပွဲပယ်ခံရမှာ ဖြစ်ပါတယ်။

နောက်ဆုံးကစားမယ့် အုပ်စု E ကပဲ ဟွန်ဒူးရပ်စ်နဲ့ အက်ကွေဒေါ တို့ ပွဲမှာတော့ ဟွန်ဒူးရပ်စ် ဘက်က အနီထိထားတဲ့ ဝီလ်ဆင် ပလာစီးယော့စ် နေရာမှာ ဟိုဟေး ကားလို့စ်နဲ့ အော်စကာ ဘွန်နစ် ဂါစီယားတို့ တစ်ဦးဦး ဝင်ကစား နိုင်ပါတယ်။

အက်ကွေဒေါ အသင်းကတော့ ဆွဇ်ဇာလန် အသင်းနဲ့ ပွဲမှာ ကစားခဲ့တဲ့ လူစာရင်းနဲ့ပဲ ကစားဖို့ များပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ