မက်ဆီဂိုးနဲ့ အာဂျင်တီးနား ရှုံးထွက်တက်

  • 22 ဇွန် 2014
_messi ဓာတ်ပုံ မူပိုင် AFP
Image caption အာဂျင်တီးနား ဘော်လုံးအကျော်အမော် မက်ဆီ

စနေနေ့က ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ပွဲတွေမှာ၊ အုပ်စု F ထဲက အာဂျင်တီးနား နဲ့ အီရန်တို့ပွဲ မှာ၊ အာဂျင်တီးနားက ၁-၀ နဲ့ အနိုင်ရ သွားပါတယ်။

အီရန်က နာမည်ကြီး အာဂျင်တီးနား ကို မိနစ် ၉၀ လုံးလုံး ခြေရည်တူ အကြိတ်အနယ် လိုက်လံ ကစားခဲ့ပြီး၊ ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့်၊ အာဂျင်တီးနား ဂိုးသမား ရဲ့ ကာကွယ်မှုတွေ ကြောင့်၊ ဂိုးမရခဲ့ပါဘူး။

ထပ်စောင်း အပိုပေးချိန်ထဲကျမှ၊ နာမည်ကျော် မက်ဆီက၊ ပယ်နယ်တီ စည်း အပြင်ဘက်၊ ဘီးကုပ်စက်ဝိုင်း ညာဘက်ဘေးကနေ လှမ်းကန်သွင်းပြီး အာဂျင်တီးနား အတွက် ၊ အနိုင်ဂိုး ရယူ ပေးခဲ့ပါတယ်။ အခုဆို အာဂျင်တီးနားက၊ ၂ ပွဲ ကစား၊ ၂ ပွဲနိုင်၊ ရမှတ် ၆ မှတ်နဲ့ ရှုံးထွက် အဆင့်ကို တက်ရောက် သွားပါပြီ။

နောက်ထပ် အုပ်စု F ပွဲစဉ်ဖြစ်တဲ့၊ နိုင်ဂျီးရီးယားနဲ့ ဘော့စနီးယား ဟာဇီဂိုဗီးနား တို့ ပွဲမှာတော့၊ နိုင်ဂျီးရီးယားက ၁-၀ နဲ့ပဲ အနိုင်ရ လိုက်တဲ့ အတွက်၊ ရှုံးထွက် အဆင့်ကို တက်ဖို့ အခြေအနေ ကောင်းနေပါတယ်။

အုပ်စု G ပွဲစဉ်ဖြစ်တဲ့၊ ဂျာမဏီနဲ့ ဂါနာ တို့ ပွဲမှာလည်း၊ ဂါနာက ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင် နေရာက၊ လာဇီယို တိုက်စစ်မှုး ကလိုဆေးက ၇၁ မိနစ်မှာ ခြေပဂိုး သွင်းယူခဲ့လို့၊ ၂ ဂိုးစီ သရေကျ သွားပါတယ်။ ဒီဂိုး ရရှိခဲ့လို့၊ ကလိုဆေးဟာ ကမ္ဘာ့ဖလား သမိုင်းမှာ၊ ဂိုးသွင်းအများဆုံး နေရာကို စုစုပေါင်း ၁၅ ဂိုးနဲ့ ဘရာဇီးက ရိုနယ်ဒိုနဲ့ ပူးတွဲ ရယူ လိုက်နိုင်ပါတယ်။

ဒီကနေ့ တနင်္ဂနွေမှာတော့ ယူအက်စ်အေနဲ့ ပေါ်တူဂီ၊ ဘယ်လ်ဂျီယမ်နဲ့ ရုရှား၊ တောင်ကိုရီးယားနဲ့ အယ်လ်ဂျီးရီးယားတို့ ကစားကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ