လူးဝစ် ဆွာရက်ဇ်ကို ဖီဖာက စတင် စစ်ဆေး

  • 25 ဇွန် 2014
ဓာတ်ပုံ မူပိုင် Getty
Image caption အီတလီ နောက်ခံလူနဲ့ ဆွာရက်ဇ်

ဖီဖာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်က ဥရုဂွေး တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ် ကို စည်းကမ်း ထိမ်းသိမ်းရေးနဲ့ ဆိုင်တဲ့ စုံစမ်း စစ်ဆေးမှု စတင် လိုက်ပါတယ်။

အင်္ဂါနေ့က ကမ္ဘာ့ ဖလားပွဲ အုပ်စုပွဲ အီတလီနဲ့ ပွဲစဉ်အတွင်း အီတလီ ကစားသမားကို ကိုက်ခဲ့ပုံ ရပါတယ်။

ဗီဒီယို ပုံရိပ်တွေ အရ ဆွာရက်စ်က ဂျော်ဂျီယို ချီလီနီ Giorgio Chiellini ရဲ့ ပခုံးကို သူ့ပါးစပ်နဲ့ ကိုက်လိုက်တဲ့ပုံမျိုး မြင်ရပါတယ်။

ချီလီနီက သူ့ရဲ့ ပခုံးမှာ သွားရာ ထင်သွားတာကို ဒိုင်လူကြီးကို ပြခဲ့ပေမယ့် အဲဒီ ဘောလုံးပွဲ အတွင်း တစုံတရာ အရေးယူခြင်း မရှိခဲ့ပါဘူး။

ဆွာရက်ဇ်ကတော့ သူက ဝင်တိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဆွာရက်ဇ်ဟာ ကလပ် အသင်း အဆင့်မှာ ကစားစဉ်လည်း တဖက် ကစားသမားကို ကိုက်ခဲ့မှုနဲ့ ကစားခွင့် ၂ ခါ ပိတ်ပင် ခံခဲ့ရဖူးပါတယ်။

အခု စုံစမ်း ဆေးမှုမှာ အပြစ်ရှိတယ်လို့ သတ်မှတ်ခံရရင် ဆွာရက်ဇ် အနေနဲ့ လက်ကျန် ကမ္ဘာ့ဖလားပွဲတွေ အပါအဝင် ပွဲပေါင်း ၂၄ ပွဲအထိ ကစားခွင့် ပိတ်ပင်ခံရနိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ