ဇွန်လ ၂၅ ရက် အုပ်စုပွဲစဉ်တွေ အနေအထား

  • 25 ဇွန် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အုပ်စုကျွတ်သွားတဲ့ အာဂျင်တီးနားမှာ အရန်လူတွေနဲ့ ပွဲထွက်လာနိုင်

ဒီနေ့ ၄ ပွဲ ကစားဖို့ ရှိရာမှာ အုပ်စု F က နိုင်ဂျီးရီးယားနဲ့ အာဂျင်တီးနားတို့ ကစားဖို့ ရှိပါတယ်။

နိုင်ဂျီးရီးယား ဘက်က ဘော့စနီးယား ဟာဇီကို ဗီးနားကို အနိုင်ကစားခဲ့တဲ့ လိုင်းအပ် နဲ့ပဲ ကစားနိုင်ပါတယ်။

အာဂျင်တီးနား ကတော့ အုပ်စု ကျွတ်ပြီး ဖြစ်လို့ အရန်လူတွေနဲ့ ပွဲထွက်လာနိုင်ပါတယ်။

ဘော့စနီးယား ဟတ်ဇီကိုဗီးနားနဲ့ အီရန် တို့ ပွဲမှာတော့ ဘော့စနီးယား က သူတို့အတွက် ကမ္ဘာ့ဖလားမှာ ပထမဆုံး ရမှတ် ရဖို့အတွက် ဦးတည် ကစားရမှာပါ။

အီရန်ကတော့ နောက်တဆင့် တက်ဖို့ မျှော်လင့်နိုင်ရေးအတွက် ဒီပွဲကို အနိုင် ကစားရမှာပါ။

တခါ အုပ်စု E က အက်ကွေဒေါနဲ့ ပြင်သစ် တို့ပွဲမှာတော့ အက်ကွေဒေါ အသင်းက ဟွန်ဒူးရပ်စ်ကို နိုင်ခဲ့တဲ့ လူစာရင်းနဲ့ပဲ ဆက်ကစားမယ့် သဘောရှိပါတယ်။

ပြင်သစ် အသင်းမှာတော့ ဒဏ်ရာရထားတဲ့ မမာဒူ ဆခ်ကိုနဲ့ ဝမ်းမကောင်းတဲ့ ရဖာရဲလ်ဗာရန်းတို့ ကစားဖို့ မသေချာပါဘူး။

ဟွန်ဒူးရပ်စ်နဲ့ ဆွစ်ဇာလန်တို့ ပွဲမှာတော့ ဟွန်ဒူးရပ်စ်မှာ ပွဲပယ်ခံရလို့ အရင်ပွဲ မကစား ခဲ့ရတဲ့ ဝေလ်ဆင် ပလားစီးယော့စ် ပြန်ကစားနိုင်ပါပြီ။

ဆွစ်ဇာလန်ကတော့ ဒီပွဲနိုင်ရင် နောက်တဆင့် တက်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပြီး နောက်တန်းက ဆန်းဒရော့စ် နေရာမှာဖာဘီယန် ရှား ဝင်ကစားနိုင်ဖို့ များပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ