ဇူလိုင် ၁ ရက် ၁၆ သင်းအဆင့် နောက်ဆုံးပွဲ ၂ပွဲ

  • 1 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် GETTY IMAGES
Image caption အာဂျင်တီးနားရဲ့ မက်ဆီ

ဒီကနေ့မှာ ၁၆ သင်းအဆင့် ရှုံးထွက် ပြိုင်ပွဲတွေရဲ့ နောက်ဆုံး ပွဲစဉ် ၂ ပွဲ ကစားဖို့ ကျန်နေသေးရာမှာ ပထမပွဲအဖြစ် အာဂျင်တီးနားနဲ့ ဆွစ်ဇာလန်၊ ဒုတိယပွဲ ဘယ်လ်ဂျီယံနဲ့ အမေရိကန်တို့ ကစားကြမှာ ဖြစ်ပါတယ်။

အာဂျင်တီးနားနဲ့ ဆွစ်ဇာလန်တို့ ပွဲမှာတော့ အာဂျင်တီးနား တိုက်စစ်မှူး အဂွဲရိုး ပေါင်ဒဏ်ရာကြောင့် မကစားနိုင်ပါဘူး။ အဲဒါကြောင့် သူ့ နေရာမှာ အီဇီကဲလ် လာဗာဇီ ဝင်ကစား နိုင်ပါတယ်။

ဒါမှမဟုတ်ရင် အလယ်တန်း တစ်ယောက် ထပ်ထည့်ပြီး ၄-၃-၃ အစား ၄-၄-၂ ပြောင်းကစားနိုင်ပါတယ်။

ဆွစ်ဇာလန်မှာတော့ ဂရန်နစ် ရှာကာ ညာတောင်ပံက ကစားပြီး ရှာကီရီက နောက်ချန် တိုက်စစ်မှူး အဖြစ် ကစားဖို့ များပါတယ်။

အဲဒီနောက် ကစားမယ့် ဘယ်လ်ဂျီယံနဲ့ အမေရိကန် တို့ ပွဲကတော့ ၁၆ သင့်အဆင့် ပွဲစဉ်တွေရဲ့ နောက်ဆုံးပွဲ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ ဘက်မှာ နောက်တန်းက အသင်းခေါင်းဆောင် ကွန်ပနီနဲ့ တောမတ်စ် ဗာတွန်းဂန်တို့ ၂ ယောက် ဒဏ်ရာတွေ ရထားကြပြီး အလယ်တန်းက စတီဗင် ကူဖိုး ကတော့ ပွဲပယ်ခံထားရပါတယ်။

အမေရိကန် အသင်းမှာတော့ တံခေါက်ကြော ဒဏ်ရာကြောင့် ၂ ပွဲ လွဲခဲ့ရတဲ့ တိုက်စစ်မှူး ဂျိုဆီ အာလ်တီဒေါ ပြန်ကစားနိုင်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ပွဲကစားနိုင်တဲ့ အထိ ကြံ့ခိုင်နေပြီလား ဆိုတာ ထည့်စဉ်းစားရမှာ ဖြစ်လို့ နည်းပြ ယာဂင် ကလင်းစမန်းက ပြီးခဲ့တဲ့ ဂျာမနီနဲ့ ပွဲမှာ ကစားခဲ့တဲ့ လိုင်းအပ်နဲ့ပဲ ပွဲထွက်လာဖို့ များပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ