နယ်သာလန်နဲ့ အာဂျင်တီးနား ဆီမီးပွဲကြို အနေအထား

  • 9 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၀၆ နောက်ပိုင်း ပထမဆုံး ပြန်ဆုံတဲ့ ပွဲ

ဒီကနေ့ ကစားကြမယ့် ဆီမီးဖိုင်နယ် ပွဲစဉ်မှာတော့ အာဂျင်တီးနားနဲ့ နယ်သာလန်တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

နယ်သာလန်

နယ်သာလန် အသင်းမှာ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီ ဗိုက်မကောင်းလို့ ကစားနိုင်ဖို့ သိပ်မသေချာ ဖြစ်နေပါတယ်။

နည်းပြကြီး လူဝီ ဗန်ဟောလ် ကတော့ ဗန်ပါစီ ရာနှုန်းပြည့် ကြံ့ခိုင်မှပဲ ပေးကစားမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အလယ်တန်း ခံစစ် ကစားသမား နိုက်ဂျဲလ် ဒေယောင်း ကတော့ ဒဏ်ရာ သက်သာပြီဖြစ်လို့ ပြန်ကစားနိုင်ဖို့ များပါတယ်။

အာဂျင်တီးနား

အာဂျင်တီးနားမှာတော့ အားထားရတဲ့ တောင်ပံ တိုက်စစ်သမား အန်ဟဲလ် ဒီမာရီယာ ပေါင်ဒဏ်ရာကြောင့် မကစားနိုင်ပေမယ့် တိုက်စစ်မှူး ဆာဂျီယို အဂွဲရိုးကတော့ ကစားနိုင်ဖို့ များတယ်လို့ ဆိုပါတယ်။

ပွဲပယ် ခံထားရတဲ့ ဘယ်နောက်ခံလူ မာကို့စ် ရိုဟို လည်း ပြန်ကစားနိုင်ပြီ ဖြစ်ပါတယ်။

ဒီနေ့ဟာ အာဂျင်တီးနားရဲ့ လွတ်လပ်ရေးနေ့လည်း ဖြစ်တာကြောင့် အသင်းသားတွေ စိတ်ဓာတ် တက်ကြွနေမယ့် သဘောရှိပါတယ်။

နောက်ကြောင်း

နယ်သာလန်နဲ့အာဂျင်တီးနားတို့ဟာ အရင်က ၈ ကြိမ် တွေ့ခဲ့ကြဖူးပြီး ၁၉၇၈ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တစ်ပွဲသာ အာဂျင်တီးနား အနိုင်ရဖူးပြီး နယ်သာလန်က ၄ ကြိမ် နိုင်ကာ ၃ ပွဲ သရေ ကျထားပါတယ်။

အခုပွဲဟာ ၂၀၀၆ ကမ္ဘာ့ဖလား နောက်ပိုင်းမှာ သူတို့ ၂ သင်း ပထမဆုံးအကြိမ် ပြန်ဆုံခြင်းလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ