အာဂျင်တီးနားက နယ်သာလန်ကို နိုင်ပြီး ဗိုလ်လုပွဲတက်

  • 10 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption နယ်သာလန် ပိုင်နယ်တီ ဧရိယာထဲမှာ ဘောလုံးထိခွင့် မရခဲ့တဲ့ မက်ဆီ

မနေ့က ကစားခဲ့ကြတဲ့ နယ်သာလန်နဲ့ အာဂျင်တီးနားတို့ရဲ့ ကမ္ဘာ့ဖလား ဆီမီး ဖိုင်နယ်မှာ အာဂျင်တီးနားက နယ်သာလန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ နိုင်ပြီး ဗိုလ်လုပွဲကို တက်သွားပါပြီ။

နယ်သာလန် အသင်းအတွက် ပထမ ပင်နယ်တီကို ကန်ဖို့ ကစားသမား ၂ ယောက်က ငြင်းခဲ့တာကြောင့် ရွန်ဘလား ကို ကန်ဖို့ တာဝန်ပေးခဲ့ရတာလို့ နည်းပြ လူဝီဗန်ဟာလ်း က ပြောပါတယ်။

ရွန်ဗလားရဲ့ ပင်နယ်တီနဲ့ ရှနိုက်ဒါရဲ့ ပင်နယ်တီတို့ကို အာဂျင်တီးနား ဂိုးသမား ဆာဂျီယို ရိုမဲရို က ကာကွယ် ပုတ်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီ ဂိုးသမား ဆာဂျီယို ရိုမဲရိုကို ပင်နယ်တီ ဖမ်းတတ်အောင် သူ လေ့ကျင့် သင်ပြ ပေးခဲ့တာ ဖြစ်ကြောင်း နယ်သာလန် နည်းပြ ဗန်ဟားလ်က ပြောပါတယ်။

၂၀၀၇ ခုနှစ်က အာဂျင်တီးနား ဂိုးသမား ရိုမဲရိုကို ဟော်လန်က အာဇက် အသင်းမှာ ဂိုးဖမ်းဖို့ ဗန်ဟားလ်က ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနား ဂိုးသမားကလည်း ပွဲအပြီးမှာ ဗန်ဟောလ်ဆီ သွားပြီး ကျေးဇူးတင်စကား ပြောခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီပွဲမှာ အာဂျင်တီးနားရဲ့ ဘောလုံး အကျော်အမော် လိုင်ယွန်နယ် မက်ဆီကတော့ မိနစ် ၁၂၀ လုံးလုံး နယ်သာလန်အသင်း ပင်နယ်တီ ဧရိယာထဲမှာ ဘောလုံး ထိခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။

အာဂျင်တီးနား နည်းပြ အလက်ဟန်ဒရို ဆာဗဲလာ ကတော့ သူ့အသင်းသားတွေ တော်တော်ကို အားကုန်သွားကြလို့ အနားယူဖို့ လိုကြောင်းပြောပါတယ်။

သူတို့အသင်းကို ဗိုလ်လုပွဲမှာ အိမ်ရှင် ဘရာဇီးကို ၇ ဂိုး ၁ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ ဂျာမနီက စောင့်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ