၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလား ပြီးဆုံးပြီ

  • 14 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် Getty
Image caption ဂျာမနီအတွက် အနိုင်ဂိုး သွင်းပေးခဲ့သူ Mario Gotze

တနင်္ဂနွေက ကစားခဲ့ကြတဲ့ ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲမှာ ဂျာမနီက အာဂျင်တီးနားကို တဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ကမ္ဘာ့ဖလားကို ဆွတ်ခူး ရရှိသွားပါတယ်။

ပုံမှန် ကစားချိန် မိနစ် ၉၀ အတွင်း နှစ်ဘက် ဂိုးမသွင်းနိုင်ခဲ့လို့ အချိန်ပို ဆက်လက် ကစားခဲ့ရပြီး အချိန်ပို ဒုတိယပိုင်းမှာ ဂျာမနီက Mario Gotze က သွင်းယူသွားခဲ့တာပါ။

ဂတ်ဇာ Gotze ဟာ ဒီပွဲမှာ ကလိုဆာရဲ့ နေရာမှာ လူစားထိုး ဝင်လာသူ ဖြစ်ပြီး ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲတွေမှာ လူစား ဝင်လာသူက အနိုင်ဂိုး သွင်းနိုင်တာ ဒါ ပထမဆုံးလို့ သိရပါတယ်။

အကောင်းဆုံး ဆုတွေ

အကောင်းဆုံး ဂိုးသမားဆု ဖြစ်တဲ့ ရွှေလက်အိတ် ဆုကို ဂျာမနီ ဂိုးသမား မန်နူယယ် နော့ယာက ရသွားပါတယ်။

အကောင်းဆုံး ဘောလုံးသမားဆု ဖြစ်တဲ့ ရွှေဘောလုံးဆု ကိုတော့ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက ရရှိသွားပါတယ်။

မက်ဆီဟာ ဒီဆု ရပေမယ့် သူ့အသင်းက ဒုတိယနဲ့ပဲ ကျေနပ်ရလို့ ပျော်ရွင်တဲ့ ပုံစံတော့ မတွေ့ရပါဘူး။

နောက်ပြီး ရွှေဘောလုံးကို မက်ဆီ ရသင့် မရသင့် ဆိုတာနဲ့ ပတ်သက်ပြီး ဘောလုံး အကဲခတ်တွေ ကြားမှာလည်း မတူညီတဲ့ အမြင်တွေ ရှိနေပါတယ်။

ရွှေဖိနပ်ဆုကိုတော့ ကမ္ဘာ့ဖလားမှာ သွင်းဂိုး ၆ ဂိုး နဲ့ ဂိုးအများဆုံး သွင်းထားတဲ့ ကိုလံဘီယာက ဂျိမ်းစ် ရော့ဒရီဂတ်စ်က ဆွတ်ခူးသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ