Myanmar football
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ ယူ-၁၉ ယူအေအီးကို နိုင်ပြီး ဆီမီးတက်

  • 17 အောက်တိုဘာ 2014
Image caption ဆီမီးတက်ပြီ။

အသက် ၁၉ နှစ်အောက် အာရှလူငယ်ဘောလုံးပြိုင်ပွဲ AFC U-19 Championship ကွာတားဖိုင်နယ်ပွဲစဉ်မှာ မြန်မာအသင်းက ယူအေအီးကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်သွားပါတယ်။

အနိုင်ဂိုးကို ဒုတိယပိုင်း ၅၂ မိနစ်မှာ သန်းပိုင်က ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

အခုလို ဆီမီးဖိုင်နယ် တက်သွားခဲ့တဲ့ အတွက် လာမယ့် ၂၀၁၅ ခုနှစ် နယူးဇီလန်မှာ ကျင်းပမယ့် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဒီလူငယ်အသင်း ဝင်ရောက်ခွင့် ရသွားပြီ ဖြစ်ပါတယ်။