ရီယဲလ် တိုက်စစ်မှူး စစ်ဆေးခံနေရ

  • 5 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption သူ့ကို တရားစွဲ ထားတာ မဟုတ်ဘဲ စုံးစမ်း စစ်ဆေး တာသာ ဖြစ်

ပြင်သစ် ဘောလုံး ကစား သမား ရီယဲလ် တိုက်စစ်မှူး Karim Benzema ကို ခြိမ်းခြောက် ငွေညှစ်ဖို့ လုပ်တယ် ဆိုပြီး သံသယ ရှိတဲ့ အတွက် ပြင်သစ် တရားရုံး တခု ကနေ သူ့ကို ခေါ်ယူ မေးမြန်း မှုတွေ ပြုလုပ်ခဲ့ ပါတယ်။

အခု ကိစ္စဟာ ပြင်သစ် ဘောလုံး အသင်းမှာ ကစားတဲ့ Mathieu Valbuena နဲ့ ပတ်သက် နေတာ ဖြစ်ပါတယ်။

Benzema ဟာ အရင် လက Mathieu Valbuena နဲ့ တွေ့တုန်းက လိင်မှု ဆိုင်ရာ ညစ်ညမ်း ဗီဒီယို တခု အကြောင်း Valbuena ကို ပြောပြီး ငွေညှစ် ဖို့ လုပ်တယ် ဆိုကာ စွပ်စွဲ ခံနေ ရတာ ဖြစ်ပါတယ်။

သူ့ကို တရားစွဲ ထားတာ မဟုတ်ပဲ စုံးစမ်း စစ်ဆေး တာသာ ဖြစ်တယ်လို့ ပြင်သစ် တရားရုံးက ပြောပါတယ်။

သူ့ ရှေ့နေ ကတော့ Benzema ဟာ ရိုးသား တဲ့လူ တဦး ဖြစ်ပြီး၊ Valbuena ကို စိတ်ရော ကိုယ်ပါ ကူညီခဲ့တာလို့ ပြောပါတယ်။