ယူရို ၂၀၁၆ အုပ်စု A သုံးသပ်ချက်

  • 9 ဇွန် 2016
euro 2016 ဓာတ်ပုံ မူပိုင် Reuteurs
Image caption ယူရို ၂ဝ၁၆ ပွဲကန်မယ့် ကစားကွင်းတခု

ဒီနှစ်ယူရိုပြိုင်ပွဲက ပထမဆုံးအကြိမ် အဖြစ် ပြိုင်ပွဲဝင် အသင်းတွေကို ၁၆ သင်း ကနေ ၂၄ သင်းအထိ တိုးမြှင့်ထားပါတယ်။ ဒါကြောင့် အသင်းသစ်တွေ ခြေစစ်ပွဲ အောင်လာကြပါတယ်။

အုပ်စု A မှာ အိမ်ရှင် ပြင်သစ်၊ ရိုမေးနီးယား၊ ဆွစ်ဇာလန်၊ အယ်လ်ဘေးနီးယား တို့ပါပါတယ်။ ဒီအုပ်စုအနေ အထားမှာ ပြင်သစ်ဟာ ကစားသမားပိုင်းရော၊ ခြေစွမ်းပိုင်းမှာ ပြိုင်ဖက် ၃ သင်းစလုံး ထက် သာပါတယ်။

၁၉၈၄၊ ၂၀၀ဝ ပြည့်နှစ်တွေမှာ ၂ ကြိမ်ချန်ပီယံဖြစ်ဖူးတဲ့ အသင်း၊ နောက် အိမ်ကွင်းမှာ ကစားရမှာ ဖြစ်လို့ ဒီအုပ်စုမှာ သူ ပထမရဖို့က မခက်ဘူး။

ဒုတိယ နေရာကို ဆွစ်ဇာလန်နဲ့ ရိုမေးနီးယားပဲ လုရမှာ ဖြစ်ပြီး အယ်လ်ဘေးနီးယားကတော့ အိမ်ဖြည့် အသင်းသာသာပဲလို့ ပြောရမှာပါ။

အုပ်စု A မှာ အဓိက စောင့်ကြည့်ရမှာက အိမ်ရှင်ပြင်သစ်က ယူဗင်တပ်စ်ကွင်း အလယ်လူ ပေါ်ပေါ့ပ်ဘာနဲ့ အန်တွန် ဂရီးဇ်မန်းပါ။ သူတို့နှစ်ဦးက ပြီးခဲ့တဲ့ရာသီမှာ သက်ဆိုင်ရာကလပ်တွေ အကောင်းဆုံး ခြေစွမ်းပြ ခဲ့တဲ့သူတွေပါ။

နောက် ဆွစ်ဇာလန် အသင်းမှာ အာဆင်နယ်က ခေါ်ထားတဲ့ ဂရားနစ် ဂျက်ကာ။ သူက ဂျာမန်ကလပ် မိုချန်ဂလာဘတ် အသင်းကနေ ပေါင် သန်း ၃၀ ကျော်နဲ့ ပြောင်းလာခဲ့သူပါ။

ကွင်းလယ်မှာ Box to Box ကစားနိုင်တဲ့ ကစားသမားမျိုးဖြစ်ပြီး အဝေးကွင်းကန်ချက်တွေလည်း ကောင်းပါတယ်။ ဒါကြောင့် ပြင်သစ် ကစားသမားတွေ နည်းတူ ထင်ပေါ် ကျော်ကြားလာနိုင်ပါတယ်။

ဒီအုပ်စုမှာ ဆွစ်ဇာလန်နဲ့ ပြင်သစ်တို့ ကစားမယ့် ပွဲက ပရိသတ်တွေ အကြိုက်တွေ့ လာနိုင်တဲ့ပွဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ