ယူရို ၂ဝ၁၆ အုပ်စု F သုံးသပ်ချက်

  • 14 ဇွန် 2016
ronaldo ဓာတ်ပုံ မူပိုင် PA
Image caption အုပ်စု F မှာ စောင့်ကြည့်ရမယ့် ကစားသမား ရော်နယ်လ်ဒို

ဒီအုပ်စုမှာ ပေါ်တူဂီ ရင်ဆိုင်ရမယ့် အသင်းတွေက အိုက်စလန်၊ ဟန်ဂေရီ၊ ဩစတြီးယားစတဲ့ အသင်းငယ်တွေဆိုတော့ ပေါ်တူဂီအနေနဲ့ နောက်တစ်ဆင့်တက်ဖို့မခက်ပါဘူ။

ကျန် ၃ သင်း ကတော့ ဒုတိယနေရာ နဲ့ အကောင်းဆုံး တတိယနေရာကို လုရဖို့ ရှိပါတယ်။

အုပ်စု F မှာ စောင့်ကြည့်ရမယ့် ကစားသမားကတော့ ကလပ်ပြိုင်ပွဲတွေမှာ အောင်မြင်မှု တွေ ရပြီးရင်းရနေတဲ့ ရော်နယ်လ်ဒိုပါ။

နိုင်ငံလက်ရွေးစင် အသင်းအတွက် ၂၀၀၄ ခုနှစ်မှာ ဖိုင်နယ်နဲ့ တက်ပြီးဒုတိယရခဲ့တယ်။

အဲ့ဒီနောက် ယူရိုပြိုင်ပွဲရဲ့ နောက်ဆုံး ၄ ကြိမ်မှာ ဆီမီးဖိုင်နယ် အဆင့်ကို ၃ ကြိမ်တက်နိုင်ခဲ့တယ်။

ဒါပေမဲ့ လက်ရွေးစင်အသင်းနဲ့ ပြိုင်ပွဲကြီးတွေမှာ ရော်နယ်လ်ဒိုရဲ့ ခြေစွမ်းဟာ မေးခွန်းထုတ်စရာတွေ ရှိနေတယ်။

အုပ်စု F ရီးယဲနဲ့အတူ အောင်မြင်မှုများစွာ ရဖူးတဲ့ ရော်နယ်လ်ဒို တယောက် နိုင်ငံလက်ရွေးစင် ပေါ်တူဂီအသင်းနဲ့ ရုန်းကန်နေရတာ ကြာပါပြီ။

အိမ်ရှင်အဖြစ် ပြုလုပ်တဲ့ ယူရို ၂၀၀၄ ခုနှစ် ပြိုင်ပွဲမှာ ဖိုင်နယ် အထိ တက်ခဲ့ပြီးမှ ဂရိကို ရှုံးခဲ့တာဟာ ရော်နယ်လ်ဒို အတွက် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ အမြင့်ဆုံးအောင်မြင်မှုပါ။

ဒါကြောင့် သူ့ရဲ့ နောက်ဆုံး ဥရောပ ဖလားပြိုင်ပွဲ ဖြစ် လာနိုင်တဲ့ ဒီပွဲကို အကောင်းဆုံး ကြိုးစားမှာ သေချာတယ်။

ပေါ်တူဂီအသင်းကို အကောင်းဆုံး ဦးဆောင်မှုတွေ ပြုလုပ်ပေးနေပေမယ့် ချန်ပီယံဖြစ်ဖို့ သူ့ရဲ့အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ဖို့ လိုအပ်နေတယ်။

အကောင်းဆုံး ဆိုတဲ့ ဘောလုံးသမားတဦးကို စောင့်ကြည့်ရမယ့်ပွဲပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ