အိုလံပစ်တွေအကြောင်း သိကောင်းစရာ

  • 2 ဩဂုတ် 2016

(Chrome browser ဖြင့် ကြည့်လျှင် အဆင်အပြေဆုံး ဖြစ်ပါမည်။)

ဘရာဇီး နိုင်ငံ ရီယိုဒီဂျနေးရိုးမှာ အိုလံပစ်ပြိုင်ပွဲကြီး သြဂုတ်လ ၅ ရက်နေ့က စလို့ ကျင်းပတော့မှာပါ။ အိမ်ရှင်နိုင်ငံရဲ့ မြို့ကို အစွဲပြုပြီး အိုလံပစ်တွေကို အမည်ပေးတတ်ကြတာမို့ ဒီနှစ် အိုလံပစ်ကို ရီယို ၂၀၁၆ လို့ ခေါ်ကြပါတယ်။

ဒီတော့ အရင်က ကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲတွေက ထူးခြားချက်လေးတွေကို စုစည်းဖော်ပြ ထားပါတယ်။

မက္ကဆီကို စီတီ ၁၉၆၈

ရီယိုဆီသို့ : ၁၉၆၈ မက္ကဆီကိုစီတီ

  • ပါဝင်ယှဉ်ပြိုင်သော နိုင်ငံ ၁၁၂

  • အားကစားသမားများ ၅၅၁၆

  • ပြိုင်ပွဲအမျိုးအစား ၁၇၂

  • ဗိုလ်စွဲသော အမေရိကန် ရသော ရွှေ ၄၅

  • အိုလံပစ်ပြိုင်ပွဲတွေမှာ အမြင့်ဆုံးကျင်းပခဲ့တဲ့ နေရာ ပင်လယ်ပြင် အထက် မီတာ၊ ၂၂၃၉

  • 'လူမဲအင်အား'အလေးပြုနည်းနဲ့ ပြုခဲ့လို့ အိုလံပစ်ရွာက နှင်ထုတ်ခံရသော အမေရိကန်အပြေးသမား

အေပီ

မြူးနစ် ၁၉၇၂

ရီယိုဆီသို့ : မြူးနစ် ၁၉၇၂

  • ပါဝင်ယှဉ်ပြိုင်သော နိုင်ငံ ၁၂၁

  • အားကစားသမား ၇၁၃၄

  • ပြိုင်ပွဲအမျိုးအစား ၁၉၅

  • ဗိုလ်စွဲသော ဆိုဗီယက်ယူနီယံရသော ရွှေ ၅၀

  • အိုလံပစ်မှာ အသက်အကြီးဆုံး အမျိုးသမီး ပြိုင်ပွဲဝင် အဖြစ်စံချိန်တင်ခဲ့တဲ့ ဗြိတိသျှ မြင်းစီးအားကစားသမား လော်ရိန်း ဂျွန်စတုန်း၏ အသက် ၇၀

  • အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးအားကစားသမား ၁၁ ဦး အပါအဝင် အသက်ဆုံးခဲ့သူ ၁၇

GETTY

မွန်ထရီရယ် ၁၉၇၆

ရီယိုဆီသို့ : မွန်ထရီယယ် ၁၉၇၆

  • ပါဝင်ယှဉ်ပြိုင်သော နိုင်ငံ ၉၂

  • အားကစားသမား ၆၀၈၄

  • ပြိုင်ပွဲအမျိုးအစား ၁၉၈

  • ဗိုလ်စွဲသော ဆိုဗီယက်ယူနီယံရသည့် ရွှေ ၄၉

  • အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်အတွက် ကုန်ကျငွေ ဒေါ်လာဘီလျံ ၁.၅

  • ဂျွမ်းဘားတွင် ပထမဆုံး ၁၀ မှတ်ပြည့်ရသည့် ရိုမေးနီးယား ဂျွမ်းဘားမယ် နာဒီယာ ကိုမာနေချီ၏ အသက် ၁၄

GETTY

မော်စကို ၁၉၈၀

ရီယိုဆီသို့ : မော်စကို ၁၉၈၀

  • ပါဝင်ယှဉ်ပြိုင်သော နိုင်ငံ ၈၀

  • အားကစားသမား ၅၁၂၉

  • ပြိုင်ပွဲ အမျိုးအစား ၂၀၃

  • ဗိုလ်စွဲခဲ့တဲ့ ဆိုဗီယက်ယူနီယံ ရသော ရွှေ ၈၀

  • ကွန်မြူနစ်နိုင်ငံတစ်ခုမှာ ပထမဆုံးကျင်းပတဲ့ အိုလံပစ်ကို အမေရိကန်အပါအဝင် သပိတ်မှောက်သောနိုင်ငံ ၆၅

  • အိုလံပစ်ပြိင်ပွဲတစ်ခုအတွင်း စံချိန်တင် ခဲ့တဲ့ ဆိုဗီယက် ဂျွမ်းဘာမယ် အလက်စန္ဒား ဒီတြာတင် ရခဲ့သော ဆုတံဆိပ်

AFP

လော့စ်အိန်ဂျလိစ် ၁၉၈၄

ရီယိုဆီသို့ - လော့စ်အိန်ဂျလိစ်

  • ပါဝင်ယှဉ်ပြိုင်သော နိုင်ငံ ၁၄၀

  • အားကစားသမား ၆၈၂၉

  • ပြိုင်ပွဲ အမျိုးအစား ၂၂၁

  • ဗိုလ်စွဲသည့် အမေရိကန် ရသည့် ရွှေ ၈၃

  • ဆိုဗီယက်ပြည်ထောင်စု အပါအဝင် အရှေ့အုပ်စုမှ ပြိုင်ပွဲကို သပိတ်မှောက်သော နိုင်ငံပေါင်း ၁၄

  • အမေရိကန် အပြေးသမား ကားလ်လူးဝစ် မီတာ၁၀၀၊ ၂၀၀၊ မီတာ ၁၀၀ လက်ဆင့်ကမ်းနှင့် အလျားခုန်ပြိုင်ပွဲများတွင် ရရှိသည့် ရွှေ

AFP

ဆိုးလ် ၁၉၈၈

ရီယိုဆီသို့ - ဆိုးလ် ၁၉၈၈

  • ပါဝင်ယှဉ်ပြိုင်သော နိုင်ငံ ၁၆၀

  • အားကစားသမား ၈၃၉၁

  • ပြိုင်ပွဲ အမျိုးအစား ၂၃၇

  • ဗိုလ်စွဲသော ဆိုဗီယက်ယူနီယံရသည့် ရွှေ ၅၅

  • ဆိုးလ်အိုလံပစ်ကျမှ ပြန်လည်ထည့်သွင်းခဲ့သော တင်းနစ် ကစားနည်းကို မကစားဖြစ်သော နှစ်ပေါင်း ၆၄

  • စက်ဘီးအားကစားမယ် ခရစ္စတီနာ လူဒင်း ရိုသမ်ဘာဂါဟာ ၁၉၈၈ ဆောင်းရာသီ အားကစားပွဲတွေမှာလည်း စကိတ်ပြိုင်ပွဲမှာ ဆုနှစ်ဆုရပြီး အခုအိုလံပစ်မှာလည်း ဆုထပ်ရလို့ နွေရော ဆောင်းအိုလံပစ်မှာပါ တစ်ဦးတည်းသော ဆုရသူ ဖြစ်လာ၊ သူ အခုအိုလံပစ်မှာ ရတဲ့ ငွေတံဆိပ်က

GETTY

ဘာစီလိုးနား ၁၉၉၂

ရီယိုဆီသို့ - ဘာစီလိုးနား ၁၉၉၂

  • ပြိုင်ပွဲဝင် နိုင်ငံ ၁၆၉

  • အားကစားသမား ၉၃၅၆

  • ပြိုင်ပွဲ အမျိုးအစား ၂၅၇

  • ဗိုလ်စွဲသော ယခင်ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံများ စုပေါင်းအသင်း ရသည့်ရွှေ ၄၅

  • ၁၉၀၀ ပြည့်နှစ်မှ စ၍ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်ဖြစ်လာသည့် စပိန်လှေလှော်အသင်းမှ ကားလော့စ်ဖရန့် ၏ အသက် ၁၁

  • ကွန်ပြူတာ အမှတ်ပေးစနစ် ချို့ယွင်းမှုကြောင့် ဟန်ချက်ညီ ရေကူးပြိုင်ပွဲတစ်ချုထဲအတွက် ပေးလိုက်ရသော ရွှေဆု

GETTY

အတ္တလန်တာ ၁၉၉၆

ရီယိုဆီသို့ - အတ္တလန်တာ ၁၉၉၆

  • ပြိုင်ပွဲဝင်နိုင်ငံ ၁၉၇

  • အားကစားသမား ၁၀၃၁၈

  • ပြိုင်ပွဲအမျိုးအစား ၂၇၁

  • ဗိုလ်စွဲသည့် အမေရိကန် ရသည့် ရွှေ ၄၄

  • အိုလံပစ်ပွဲ ကျင်းပနေချိန် ရာပြည့်အိုလံပစ်ပန်းခြံအတွင်း ပေါက်ကွဲခဲ့သော ဗုံးကြောင့် သေဆုံးသူ

  • ဆုတံဆိပ် တစ်ခုခု ရရှိသော နိုင်ငံအရေအတွက် စံချိန်သစ် ၇၉

GETTY

ဆစ်ဒနီ ၂၀၀၀

ရီယိုဆီသို့ - ဆစ်ဒနီ ၂၀၀၀

  • ပါဝင်ယှဉ်ပြိုင်သောနိုင်ငံ ၁၉၉

  • အားကစားသမား ၁၀၆၅၁

  • ပြိုင်ပွဲအမျိုးအစား ၃၀၀

  • ဗိုလ်စွဲသည့် အမေရိကန်ရသည့် ရွှေ ၃၇

  • မီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲမှာ ပထမရသူထက် နှစ်ဆကြာအောင် ကူးခဲ့ရတဲ့ ဂီနီက ရေကူးသမား အဲရစ် မူဆမ်ဘာနီ ပန်းဝင်ခဲ့တဲ့ အချိန် ၁၁၂.၇၂ စက္ကန့်

  • ပင်မအားကစားကွင်း Stadium Australia မှာ လာကြည့်နိုင်တဲ့ ပရိသတ်ဦးရေ ၁၁၀၀၀၀

GETTY

အေသင် ၂၀၀၄

ရီယိုဆီသို့ - အေသင် ၂၀၀၄

  • ပါဝင်ယှဉ်ပြိုင်သောနိုင်ငံ ၂၀၁

  • အားကစားသမား ၁၀၆၂၅

  • ပြိုင်ပွဲအမျိုးအစား ၃၀၁

  • ဗိုလ်စွဲသော အမေရိကန် ရသည့် ရွှေ ၃၆

  • ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲသည့် အာဂျင်တီးနား ပြိုင်ပွဲတလျှောက် ပေးခဲ့ရသည့် ဂိုး

  • အမျိုးသား မာရသွန်ပွဲတွင် ဦးဆောင် ပြေးနေသော ဘရာဇီးမှ ဗန်ဒါလေး ကော်ဒေးရိုး ဒီ လီမာ ၃၅ ကီလိုမီတာ အရောက် လမ်းတွင် ပွဲကြည့်သူ တစ်ယောက်ရဲ့ တိုက်ခိုက်ခံရပြီး ပန်းဝင်သော အဆင့်

GETTY

ဘေဂျင်း ၂၀၀၈

ရီယိုဆီသို့ - ဘေဂျင်း ၂၀၀၈

  • ပါဝင်ယှဉ်ပြိုင်သောနိုင်ငံ ၂၀၄

  • အားကစားသမား ၁၀၉၄၂

  • ပြိုင်ပွဲအမျိုးအစား ၃၀၂

  • ဗိုလ်စွဲသော အိမ်ရှင် တရုတ်ရသည့်ရွှေ ၅၁

  • ပြိုင်ပွဲတစ်ခုအတွင်း စံချိန်တင် ရွှေအများဆုံး ရသည့် အမေရိကန် ရေကူးသမား မိုက်ကယ်ဖဲ့လ် ရသည့် ရွှေ

  • ကနေဒါက မြင်းအလှစီးပြိုင်ပွဲဝင် အီယန်မင်းလား ကိုးကြိမ်ပြိုင်ပြီး မှ ပထမဆုံး အိုလံပစ်ဆုတံဆိပ်ရခဲ့တဲ့ အချိန် သူ့အသက်က ၆၁

GETTY

လန်ဒန် ၂၀၁၂

ရီယိုဆီသို့ - လန်ဒန် ၂၀၁၂

  • ပြိုင်ပွဲဝင်နိုင်ငံ ၂၀၄

  • အားကစားသမား ၁၀၅၆၈

  • ပြိုင်ပွဲအမျိုးအစား ၃၀၂

  • ဗိုလ်စွဲသည့် အမေရိကန် ရသည့် ရွှေ ၄၆

  • အိုလံပစ် မီတာ ၁၀၀ နှင့် ၂၀၀ အပြေးပြိုင်ပွဲသမိုင်းမှာ ပထမဆုံး အိုလံပစ်နှစ်ကြိမ်ဆက် ရွှေရခဲ့တဲ့ ယူစိန်ဘို့ မီတာ ၂၀၀ကို ရွှေရအောင်ပြေးခဲ့တဲ့ အချိန် ၁၉.၃၂

  • လန်ဒန်အိုလံပစ်မှာ အမျိုးသမီး လက်ဝှေ့ပွဲကိုပါ ထည့်သွင်းခဲ့တဲ့အတွက် အားကစားနည်း တိုင်းမှာ အမျိုးသမီးတွေ ပါဝင်တဲ့ ပထမဆုံး အိုလံပစ်ဖြစ်လာပြီး အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်း ၁၀၀

GETTY