ဟေတီမှာ မွှေခဲ့တဲ့ ဟာရီကိန်း မုန်တိုင်း အမေရိကန် ဝင်

  • 7 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဟေတီက ဟာရီကိန်း မုန်တိုင်း အမေရိကန် အရှေ့တောင်ပိုင်းကို ဝင်

ဟေတီနိုင်ငံမှာ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှု ဖြစ်စေခဲ့တဲ့ ဟာရီကိန်း မုန်တိုင်း ဟာ အမေရိကန် ပြည်ထောင်စု အရှေ့တောင်ပိုင်းကို ဝင်လာနေပြီ ဖြစ်ပါတယ်။

Matthew ဟာရီကိန်း မုန်တိုင်းက အမေရိကန် ပြည်ထောင်စုကို ဦးတည် တိုက်ခတ် နေပြီဖြစ်ပါတယ်။

ဖလော်ရီဒါ ကမ်းခြေနဲ့ ကီလိုမီတာ အနည်းငယ် အကွာမှာ တော့ လေပြင်းမုန်တိုင်းတွေသက်ရောက်ပြီး မိုးအကြီးအကျယ် ရွာသွန်းမှုတွေ ဖြစ်နေပါတယ်။

မုန်တိုင်းဒဏ်ကြောင့် ဒီလှိုင်းကြီးတွေ အရှိန်နဲ့ တက်လာပြီး ရေလွှမ်းမိုးခံရနိုင်တဲ့ အန္တရာယ် ရှိတဲ့ Florida၊ Georgia နဲ့ South Carolina ပြည်နယ်တို့မှာ အရေးပေါ် အခြေအနေ ကြေညာထား ပါတယ်။

သန်းနဲ့ ချီတဲ့ လူတွေကို နေအိမ်တွေကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ပြောထားပါတယ်။

အခု သီတင်းပတ် စောစောပိုင်းက ဟေတီနိုင်ငံမှာ Matthew ဟာရီကိန်း မုန်တိုင်းတိုက်ခဲ့တဲ့ အတွက် လူ ၃၀၀ ကျော် သေဆုံးခဲ့ရပါတယ်။