ဆီးရီးယား ဒုက္ခသည်ကို ဗုံးထောင်မှုနဲ့ ဂျာမနီမှာဖမ်း

  • 10 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption Alkbakr ကို ၂ ရက်ကြာ လိုက်ရှာပြီး လိုက်ပဇစ်မြို့မှာ ဖမ်းမိ

ဗုံးထောင်ရန် ကြံစည်မှုနဲ့ မသင်္ကာသူ ဆီးရီးယား အမျိုးသား တယောက်ကို ဂျာမနီမှာ ဖမ်းမိတယ်လို့ ရဲက ပြောပါတယ်။

အသက် ၂၂ နှစ် အရွယ် Jaber Albakr ဟာ မကြာခင်ကမှ ဆီးရီးယားက ဒုက္ခသည်အဖြစ် ရောက်လာသူ ဖြစ်ပါတယ်။

သူ့ကို ဂျာမန် ထောက်လှမ်းရေးက စောင့်ကြည့်နေခဲ့တာပါ။

မစ္စတာ Alkbakr ကို ၂ ရက်ကြာ လိုက်ရှာပြီးနောက် လိုက်ပဇစ်မြို့မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

Chemnitz မြို့က သူ့တိုက်ခန်းကို စနေနေ့က ဝင်ရောက် စီးနင်း ရှာဖွေခဲ့ရာမှာ ဂရမ် ၄ဝဝ အချိန်ရှိတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို ရှာတွေ့ခဲ့ပြီး နောက်ထပ် လူတယောက်ကိုပါ ဖမ်းမိခဲ့ပါတယ်။

သူဟာ ဘာလင်က လေဆိပ်တခုကို တိုက်ခိုက်ဖို့ စီစဉ်တာ ဖြစ်နိုင်တယ်လို့လည်း ဂျာမန် သတင်းဌာနတွေက ဆိုပါတယ်။