ရီပတ်ဘလစ်ကင် ခေါင်းဆောင်တွေရဲ့ စွန့်ခွာမှုကို ထရမ့် တုံ့ပြန်

  • 11 အောက်တိုဘာ 2016
Image caption ရီပတ်ပလစ်ကင် ခေါင်းဆောင် တော်တော် များများက ထရမ့်ကို ထောက်ခံမှု ပေးမှာ မဟုတ်တော့ကြောင်း ပြောဆို

အမေရိကန်ရဲ့ ရီပတ်ဘလစ်ကင် သမ္မတလောင်း ဒေါ်နယ်ထရမ့်က အခုအခါမှာ ဆိုရင် သူ့ကို တုပ်နှောင် ထားတာတွေ ဘာမှ မရှိတော့တဲ့ အတွက် သူ သင့်တော်မယ်လို့ ယူဆတဲ့ ကြိုက်ရာ နည်းလမ်း တွေကို သုံးပြီး အမေရိကန် ပြည်ကြီး အတွက် တိုက်ခိုက် သွားနိုင်ပြီ လို့ ပြောဆို လာပါတယ်။

မစ္စတာ ထရမ့် က အမျိုးသမီးတွေကို လိင်ပိုင်း ဆိုင်ရာ စော်ကား ပြောဆိုခဲ့တဲ့ ဖြစ်ရပ် လူသိရှင်ကြား ထွက်ပေါ် လာခဲ့တဲ့နောက် ရီပတ်ပလစ်ကင် ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင် တော်တော် များများက မစ္စတာ ထရမ့်ကို ထောက်ခံမှု ပေးမှာ မဟုတ်တော့ကြောင်း ပြောဆို လာခဲ့ ကြတဲ့ အပေါ် မစ္စတာ ထရမ့် ဘက်က ပြန်လည် တုံ့ပြန် လိုက်တာ ဖြစ်ပါတယ်

မစ္စတာ ထရမ့်က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာ အထက် ဆက်တိုက် ရေးသား နေတာ တွေထဲ ရီပတ်ဘလစ်ကင်တွေက သူ့ကို ဘက်ပေါင်းစုံက ထိုးနှက် နေကြတယ်၊ ရီပတ်ဘလစ်ကင် တွေရဲ့ သစ္စာမဲ့မှုကို တွန်းလှန်ဖို့ ဆိုတာ ဒီမိုကရက်တွေနဲ့ ယှဉ်ပြိုင် တိုက်ခိုက် ရမှာထက် ပိုခက်တယ် စတာ တွေ ပါဝင် နေပါတယ်။

မစ္စတာ ထရမ့်ရဲ့ လက်ရှိ အခြေအနေဟာ ရီပတ်ဘလစ်ကင် သမ္မတလောင်း ဆိုတာထက် စာရင် တသီးပုဂ္ဂလ သမ္မတလောင်း သဖွယ် ဖြစ်နေပြီလို့ ဘီဘီစီ ရဲ့ မြောက်ပိုင်း အမေရိက ဒေသ ဆိုင်ရာ အယ်ဒီတာက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ