ပဲရစ်တိုက်ခိုက်မှု သံသယဖြစ်သူကို သူ့ရှေ့နေတွေ လက်လွှတ်

  • 12 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Belgian/French police
Image caption Abdeslam ကို မတ်လက ဘရပ်ဆဲလ်မြို့မှာ စီးနင်းမှု တစ်ခုအတွင်း ဖမ်းမိခဲ့။

ပြီးခဲ့တဲ့ နိုဝင်ဘာက ပဲရစ်မြို့မှာ ဖြစ်ခဲ့တဲ့ အစ္စလာမ္မစ် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဖမ်းမိထားတဲ့ အဓိက သံသယဖြစ်သူကို ရှေ့နေလိုက်ပေးမယ့် ရှေ့နေ နှစ်ယောက်က အခုတော့ အဲဒီလူအတွက် ကိုယ်စားပြု မပေးတော့ဘူးလို့ ပြောလိုက်ပါတယ်။

ပဲရစ် တိုက်ခိုက်မှုအတွက် အရေးပါတဲ့ တရားခံအဖြစ် သံသယရှိသူ Salah Abdeslam ဟာ ခုချိန်အထိ ရေငုံနှုတ်ပိတ် နေတဲ့အတွက် သူ့အတွက် ကိုယ်စားပြု မပေးတော့ဘူးလို့ ရှေ့နေ Frank Berton နဲ့ Sven Mary တို့က ပြင်သစ် ရုပ်သံကို ပြောခဲ့တာပါ။

မနှစ်က နိုဝင်ဘာမှာ ပဲရစ်မြို့က ဘားဆိုင်တွေ၊ စားသောက်ဆိုင်တွေ အပါအဝင် ဂီတခန်းမ တစ်ခုနဲ့ အားကစားကွင်း အနီး တိုက်ခိုက်မှုတွေကြောင့် လူ ၁၃၀ သေဆုံး ခဲ့ရပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေကို IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က သူတို့ လက်ချက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အဓိက သံသယရှိသူ Salah Abdeslam ကို ဘယ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲလ် မြို့မှာ ပြီးခဲ့တဲ့ မတ်လက ဖမ်းမိခဲ့တာ ဖြစ်ပြီး ဧပြီလမှာ ပြင်သစ်ကို လွှဲပြောင်း ပေးခဲ့တာပါ။ အဲဒီ အချိန်ကတည်းက သူဟာ စကားမပြောဘဲ ရေငုံ နှုတ်ပိတ် နေခဲ့ပါတယ်။

သူဟာ ပြင်သစ် တိုက်ခိုက်မှုမှာ အဓိက အခန်းက ပါခဲ့ပြီး တိုက်ခိုက်သူတွေကို သယ်ယူ ပို့ဆောင်ပေးခဲ့သူလို့ ယူဆရပါတယ်။ ဒါပေမယ့် စုံစမ်း စစ်ဆေးသူတွေကတော့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ သူ့ကဏ္ဍကို အတိအကျ မဆုံးဖြတ်ရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ