ထိုင်း ထီးနန်း ယာယီထိန်းသိမ်းသူကို ခန့်အပ်

  • 14 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ထိုင်းဘုရင် ရုပ်ကလာပ်ကို နန်းတော်ထဲက မြဘုရား ကျောင်းဆောင်ကို သယ်ဆောင်ခဲ့။

ထိုင်းဘုရင်ကြီး ဘူမိဘော နတ်ရွာစံပြီးနောက် တော်ဝင် မိသားစုရဲ့ ထိပ်တန်း အကြံပေး တစ်ယောက်ကို ထီးနန်း ထိန်းသိမ်းသူ အဖြစ် ရွေးချယ်လိုက်တယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

ဘုရင်သစ် နန်းမတက်မီ အတောအတွင်း ထီးနန်း ထိန်းသိမ်းသူ အဖြစ် ဝန်ကြီးချုပ်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ အသက် ၉၆ နှစ်အရွယ် ပရမ် တင်ဆူလာနွန်ဒါကို ရွေးချယ် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

အိမ်ရှေ့စံ မင်းသား မဟာ ဝပ်ချီရာလောင်ကွန်က အရိုက်အရာကို ဆက်ခံဖို့ ဖြစ်ပေမယ့် သူက သူ့ခမည်းတော် အတွက် ဝမ်းနည်း ပူဆွေးနေရတဲ့အတွက် နန်းတက်ဖို့ ကိစ္စကို ဆိုင်းငံ့ထားဖို့ ပြောခဲ့တာပါ။

အခုလို အိမ်ရှေ့စံ မင်းသားက နန်းတက်မယ့်အချိန်ကို ဆိုင်းငံ့ဖို့ ပြောခဲ့တာဟာ မျှော်လင့်မထားတဲ့ ကိစ္စ ဖြစ်ပါတယ်။

ဘုရင် ဘူမိဘောရဲ့ ရုပ်ကလာပ်ကို ဒီကနေ့ သောကြာနေ့မှာ ဆေးရုံကနေ နန်းတော်ဆီ ပြန်လည် သယ်ဆောင်ရာမှာ ထောင်သောင်းချီတဲ့ ဂါရဝပြုသူတွေ ဘန်ကောက်မြို့က လမ်းတွေပေါ်မှာ ပြည့်နှက် နေခဲ့ပါတယ်။

ဒီကနေ့ သောကြာနေ့ ညနေပိုင်းမှာ ဘုရင့် ရုပ်ကလာပ်ကို အိမ်ရှေ့မင်းသားက ရေသန့်စင်ပေးမယ့် အစီအစဉ်ကို အစဉ်အလာအတိုင်း ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ