Galaxy Note 7 ဖုန်း သယ်ဆောင်ခွင့် အမေရိကန် ပိတ်ပင်

  • 14 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် ARIEL GONZALEZ
Image caption ဆမ်ဆောင်း ကုမ္ပဏီဟာ Galaxy Note 7 ရောင်းချ မှုတွေကို ပိတ်သိမ်း ခဲ့

အမေရိကန် နိုင်ငံက လေကြောင်း လိုင်းတွေမှာ ဆမ်ဆောင်း Galaxy Note 7 ဖုန်း သယ်ဆောင် ခွင့် ကို အစိုးရ တာဝန်ရှိသူ တွေက ပိတ်ပင် လိုက်ပါတယ်။

ဆမ်ဆောင်း ဖုန်းသစ် တွေဟာ မီးလောင်ကျွမ်း နိုင်ကြောင်း သတိပေး ချက်တွေ ထွက်ပေါ် လာပြီး နောက်မှာ ကုန်လမ်း ပို့ဆောင်ရေး ဌာနက အရေးပေါ် သတိပေး ချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အခု ဆိုရင် ခရီးသည်တွေ နဲ့ လေယာဉ် အမှုထမ်းတွေဟာ Galaxy Note 7 ဖုန်းတွေ လေယာဉ်ပေါ် သယ်ခွင့် မရှိတော့ဘဲ ၊ ခရီးဆောင် အိတ်ထဲမှာလည်း ထည့်သွင်း သယ်ဆောင် ခွင့် မရှိတော့ပါဘူး။

အခုတစ်ပတ် အစောပိုင်း က ဆမ်ဆောင်း ကုမ္ပဏီဟာ Galaxy Note 7 ရောင်းချ မှုတွေကို ပိတ်သိမ်း ခဲ့ပြီး ဖုန်းတွေကို ထပ်မံ ထုတ်လုပ်တော့မှာ မဟုတ်ဘူးလို့ ကြေညာ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ