ဟိုင်ဒရိုဖလူရိုကာဗွန်တွေလျှော့ဖို့ နိုင်ငံစုံသဘောတူ

  • 15 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံပေါင်း ၂၀ဝနီးပါး ပါဝင်တဲ့ ဒီသဘောတူညီမှု

ကမ္ဘာကြီး ပူနွေးလာမှုကို ပိုဆိုးစေတဲ့ ကာဗွန် အမျိုးအစားဖြစ်တဲ့ ဟိုင်ဒရိုဖလူရို ကာဗွန်တွေကို လျှော့ချဖို့ ရဝမ်ဒါနိုင်ငံမှာ ကျင်းပနေတဲ့ အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးက သဘောတူလိုက်ပါတယ်။

နိုင်ငံပေါင်း ၂၀ဝနီးပါး ပါဝင်တဲ့ ဒီသဘောတူညီမှုဟာ ကမ္ဘာကြီး ပူနွေးလာကို လျှော့ချဖို့ သမိုင်းမှတ်ကျောက်တင်စရာ ရှေ့တလှမ်းတိုးလိုက်တာပဲ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောဆိုလိုက်ပါတယ်။

ဒီကာဗွန်အမျိုးအစားဟာ ရေခဲသေတ္တာနဲ့ လေအေးပေးစက်တွေမှာ အဓိကသုံးတဲ့ ဒြပ်ပေါင်းတခု ဖြစ်ပါတယ်။

ဒီသဘောတူညီချက်အရ အချမ်းသာဆုံးနိုင်ငံတွေက သုံးနှစ်အတွင်း ဒီဒြပ်ပေါင်းအသုံးပြုမှုကို တဖြည်းဖြည်းလျှော့ချ သွားရမှာ ဖြစ်ပါတယ်။

အိန္ဒိယအပါအဝင် တိုးတက်မှုနည်းသေးတဲ့ နိုင်ငံတွေကတော့ ဒီလို လျှော့ချသွားဖို့ ၁၆နှစ် အချိန်ရမှာ ဖြစ်ပါတယ်။