အီရတ်ထဲက IS ခြေကုပ်မြို့ကို အစိုးရတပ်တွေ စတိုက်

  • 17 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption မိုဆိုးလ် မြို့သိမ်းစစ်ပွဲ အီရတ်တပ်ဖွဲ့ပြင်ဆင်

အီရတ်နိုင်ငံမှာ အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ရဲ့ အဓိက ခြေကုပ် မြို့ ဖြစ်တဲ့ မိုဆိုးလ်ကို ပြန်လည် သိမ်းပိုက်ဖို့ စစ်ဆင်ရေးတွေ စတင် လိုက်ပြီလို့ အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီက ပြောပါတယ်။

အီရတ် ဒေသ အချိန် ညလယ်ခေါင်မှာ အစိုးရ ရုပ်မြင်သံကြား ပေါ်ကနေ ဝန်ကြီးချုပ် အယ်လ် အဘာဒီက ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့နောက်ပိုင်း မိုဆိုလ်း အနီး ပတ်ဝန်းကျင် ဒေသတွေမှာ လက်နက်ကြီးသံတွေ ကြား လာရပါတယ်။

အခု သီတင်းပတ် တွေ အတွင်း အီရတ် မြောက်ပိုင်း နယ်မြေ တွေကနေ IS တွေ ထွက်သွားအောင် အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့ရဲ့ လေကြောင်း ပစ်ကူတွေ နဲ့ အီရတ် အစိုးရတပ်တွေက တိုက်ခိုက် နိုင်ခဲ့ကြ ပါတယ်။

အခု အခါမှာတော့ IS တွေ လက်ထဲ ကျရောက် နေတာ နှစ်နှစ်ကျော် ရှိနေပြီ ဖြစ်တဲ့ မိုဆိုးလ်ကို အီရတ် အစိုးရတပ်တွေက မြို့သိမ်းစစ် ပြန်လည် ဆင်နွှဲ လာနိုင်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ