လူလိုက်ပါတဲ့ အာကာသ ခရီး တရုတ် စတင်

  • 17 အောက်တိုဘာ 2016
Image caption ဒုံးပျံယာဉ်ကို ဂိုဘီ သဲကန္တရထဲ ကနေ ပစ်လွှတ်

တရုတ် နိုင်ငံရဲ့ ပထမ ဦးဆုံး လူလိုက်ပါတဲ့ အာကာသ ခရီးစဉ် စတင် လိုက်ပြီ ဖြစ်ပါတယ်။

တရုတ် အာကာသ စခန်းဆီ အာကာသ ယာဉ်မှုး နှစ်ယောက် လိုက်ပါ သွားရောက်တဲ့ ဒုံးပျံယာဉ်ကို ဂိုဘီ သဲကန္တရထဲ ကနေ ပစ်လွှတ် ခဲ့ပါတယ်။

တရုတ် အာကာသ ယာဉ်မှုး တွေ ဖြစ်တဲ့ ကျင်း ဟိုင်ပန်နဲ့ ချင်ဒွန် တို့ နှစ်ယောက်ဟာ အာကာသ ပတ်လမ်း ထဲက တီယန်ဂွန်း ၂ လို့ နာမည် ပေးထားတဲ့ အာကာသ ဓာတ်ခွဲခန်းမှာ တစ်လတာ နေထိုင် သွားမှာ ဖြစ်ပါတယ်။

အခု အာကာသ ခရီးစဉ် ရဲ့ အခြေအနေကို ကြည့်ပြီး တရုတ် နိုင်ငံ အနေနေနဲ့ လ နဲ့ အင်္ဂါဂြိုဟ်တွေ အထိပါ လူလိုက်ပါတဲ့ အာကာသ ခရီးစဉ် တွေ ပြုလုပ် လာဖို့ ရည်မှန်း ထားပါတယ်။

လမျက်နှာပြင်ပေါ် တရုတ်ရဲ့ ယုတုလို့ နာမည် ပေးထားတဲ့ လူ မပါတဲ့ ယာဉ်ငယ်ကိုတော့ လွန်ခဲ့တဲ့ ၃ နှစ် နီးပါး ကတည်းက အောင်အောင်မြင်မြင် ဆင်းသက် ထားနိုင် ခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ