အလက်ပိုမှာ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်ဆိုင်း

  • 18 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption တိုက်ခိုက်မှုတွေကြောင့် အလက်ပိုမြို့ နေရာအများစုမှာ ပျက်စီးပြိုလဲနေ။

ဆီးရီးယား နိုင်ငံ၊ အလက်ပိုမြို့မှာ လေကြောင်းကနေ တိုက်ခိုက်နေတာတွေကို ရပ်ဆိုင်းလိုက်ပြီလို့ ရုရှားက ပြောပါတယ်။

ကြာသပတေးနေ့မှာ ၈ နာရီကြာ အပစ်ရပ်ပေးဖို့ စီစဉ်ထားတာ ဖြစ်ပြီး၊ အဲဒီ အစီအစဉ် မတိုင်မီ ဒီကနေ့ အင်္ဂါနေ့မှာ ဗုံးကြဲ တိုက်ခိုက်တာတွေ ရပ်လိုက်ပြီလို့ ရုရှားက ပြောလိုက်တာပါ။

အပစ်ရပ် ကာလအတွင်း အလက်ပို မြို့ထဲကနေ အရပ်သားတွေ သာမက သူပုန်တွေပါ ထွက်ခွာကြဖို့ ရုရှား ကာကွယ်ရေး ဝန်ကြီးက တိုက်တွန်း ပြောဆိုသွားပါတယ်။

ဗုံးကြဲ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းကြောင်း မကြေညာမီ အချိန် အနည်းငယ်အထိ ရုရှား တိုက်လေယာဉ်တွေက အလက်ပိုမြို့က သူပုန်သိမ်း ဧရိယာတွေကို အပြင်းအထန် တိုက်ခိုက် နေခဲ့တယ်လို့ အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

လတ်တလော ဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် အလက်ပိုမြို့ သူပုန်သိမ်း ဧရိယာတွေမှာ အနည်းဆုံး လူ ၄၃၀ သေဆုံးခဲ့တယ်လို့ ယူကေ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ