ပြေးလာမယ့် ဂျီဟတ်ဝါဒီတွေအတွက် အသင့်ပြင်ဖို့ အီးယူ ပြော

  • 18 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption မိုဆူးလ်မြို့ အရှေ့ဘက် ၁၈ မိုင်လောက် အကွာကို ကာဒစ်ရှ်တပ်တွေ ရောက်လာပြီ။

အီရတ် နိုင်ငံထဲက IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ ခြေကုပ်ယူထားတဲ့ မိုဆူးလ်မြို့ကို ပြန်သိမ်းပြီးရင် အဲဒီ မြို့ကနေ ထွက်ပြေးလာနိုင်တဲ့ ဂျီဟတ်ဝါဒီတွေကို ရင်ဆိုင်ဖို့ ဥရောပ သမဂ္ဂ အီးယူ အနေနဲ့ ကြိုတင် ပြင်ဆင် ထားသင့်တယ်လို့ အီးယူ လုံခြုံရေး ဆိုင်ရာ ကော်မရှင်နာက ပြောပါတယ်။

ထွက်ပြေးလာမယ့် ဂျီဟတ် ဝါဒီ စစ်သွေးကြွ အနည်းငယ်ပဲ ဖြစ်ပါစေ၊ အန္တရာယ်က အရမ်း ကြီးလွန်းတယ်လို့ အီးယူ ကော်မရှင်နာ Julian King က ဂျာမန် သတင်းစာ တစ်စောင်ကို ပြောလိုက်တာပါ။

IS တွေ ခြေကုပ်ယူထားတဲ့ မိုဆူးလ်မြို့ကို ပြန်သိမ်းနိုင်ရေး စစ်ဆင် တိုက်ခိုက်မှုတွေကို အီရတ် တပ်ပေါင်းစုက တနင်္လာနေ့က စတင်ခဲ့တာ ဖြစ်ပါတယ်။

အီရတ် အစိုးရ တပ်တွေက မိုဆူးမြို့ တောင်ဘက် ၂၄ မိုင် အကွာလောက်ကို ရောက်နေပြီး ကာဒစ်ရှ် တပ်တွေကတော့ မြို့အရှေ့ဘက် ၁၈ မိုင်လောက် အကွာကို ရောက်နေပါပြီ။

IS တွေက မြို့ခံ အရပ်သားတွေကို လူသား ဒိုင်းအဖြစ် အသုံးချလာမှာကိုလည်း အကူအညီ အဖွဲ့အစည်းတွေက စိုးရိမ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ