IS ခေါင်းဆောင်တွေ မိုဆူးလ် ကနေ ထွက်ခွာ သွားပြီ

  • 20 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ငံရပ်ခြား က ရောက်ရှိ လာတဲ့ အကြမ်းဖက် သမားတွေ မြို့တွင်းမှာ ကျန်နေနိုင်

အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ရဲ့ ခေါင်းဆောင်တွေ ဟာ အဓိက ခြေကုပ်စခန်း ဖြစ်တဲ့ အီရတ် နိုင်ငံ မိုဆူးလ် မြို့ကနေ ထွက်ခွာ သွားကြပြီလို့ ယူဆ ကြောင်း အမေရိကန် စစ်တပ် တာဝန် ရှိသူက ပြောပါတယ်။

မိုဆူးလ် မြို့ ကို IS တွေ ရဲ့ လက်ထဲကနေ ပြန်လည် သိမ်းယူ ဖို့ နီးစပ် နေပြီ လို့လည်း အီရတ် စစ်တပ် တာဝန် ရှိသူက ပြောပါတယ်။

အီရတ်စစ်တပ်က အရှိန်မြှင့် တင် တိုက်ခိုက် ပြီး မိုဆူးလ် မြို့ကို ပြန်လည် ရယူဖို့ အတွက် အလွန် တက်ကြွ နေတယ် လို့ အမေရိကန် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂယ်ရီ ဗိုလက်စ်စကီး က ပြောပါတယ်။

ဒါပေမယ့် ဒေသခံ အကြမ်းဖက် သမားတွေ နဲ့ ရုပ်သွင် မတူညီ တာကြောင့် ထွက်ခွာ မရ ဖြစ်နေတဲ့ နိုင်ငံရပ်ခြား က ကြမ်းဖက် သမားတွေ မြို့တွင်းမှာ ကျန်နေနိုင်ကြောင်း အမေရိကန် စစ်ဗိုလ်ချုပ်က သတိပေး ပြောကြား နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ