ထရမ့် ရဲ့စကားက ဒီမိုကရေစီကို ပျက်စီးစေတယ်လို့ အိုဘာမား ဝေဖန်

  • 21 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption သမ္မတလောင်း တစ်ယောက် အနေနဲ့ ပေါ့ပေါ့တန်တန် ပြောရမယ့် ကိစ္စ မဟုတ်ဘူး လို့ အိုဘားမား က ဝေဖန် ခဲ့

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မဲမသမာ မှုတွေ ရှိနေတယ်ဆိုတဲ့ မစ္စတာ ထရမ့် ရဲ့ စွပ်စွဲ ပြောကြားချက်ဟာ အန္တရာယ် ရှိပြီး ဒီမိုကရေစီ စနစ်ကို ပျက်စီး စေတယ်လို့ သမ္မတ အိုဘားမား က ပြောကြား လိုက်ပါတယ်။

မစ္စတာ ထရမ့် ရဲ့ ပြောကြားချက်ဟာ သက်သေခံအထောက်အထေား မရှိဘဲ အမေရိကန် နိုင်ငံရဲ့ ဒီမိုကရေစီ စနစ်ကို အကျည်းတန် စေတယ်လို့ သမ္မတ အိုဘားမား က ပြောပါတယ်။

ပြီးတော့ အောက်တိုဘာလ ၂၀ ရက်နေ့ က လုပ်တဲ့ စကားစစ်ထိုး ပွဲမှာ သူဟာ ရွေးကောက်ပွဲ ရလဒ် ကို လက်ခံ ဖို့ ငြင်းဆန်ခဲ့တဲ့ ပထမဦး ဆုံး သမ္မတလောင်းပါ ။

စကားစစ်ထိုးပွဲ အပြီး နောက်တစ်နေ့မှာတော့ ဒေါ်နယ် ထရမ့်က သူ အနိုင် ရရင် ရွေးကောက်ပွဲ ရလဒ် ကို လက်ခံမယ်လို့ မဲဆွယ် စည်းရုံးပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီကိစ္စတွေက သမ္မတလောင်း တစ်ယောက် အနေနဲ့ ပေါ့ပေါ့တန်တန် ပြောရမယ့် ကိစ္စ မဟုတ်ဘူး လို့ အိုဘားမား က ဝေဖန် ခဲ့ပါတယ်။

ရွေးကောက်ပွဲ မှာ သံသယ ဖြစ်ဖွယ်ရာ ရလဒ် တွေ ထွက်ပေါ် လာရင် တော့ ဥပဒေကြောင်း အရ စိန်ခေါ်မှု တွေ လုပ်သွားမယ်လို့လည်း ဒေါ်နယ် ထရမ့်က ပြောပါတယ်။

သမ္မတလောင်း ၂ ယောက်ရဲ့ နောက်ဆုံး စကားစစ်ထိုး ပွဲမှာ ရွေးကောက်ပွဲမှာ သူရှုံးနိမ့် ခဲ့ရင် ရလဒ် ကို လက်ခံ လိုက်နာ ပါ့မယ် ဆိုတဲ့ ကတိ စကား ကို မစ္စတာ ထရမ့် က ပြောကြား ခြင်း မရှိခဲ့ပါဘူး။

ရွေးကောက်ပွဲ ရလဒ် ကို လက်ခံ မယ် ဆိုတဲ့ ကတိ စကား ပြောကြားဖို့ ပျက်ကွက် ခဲ့တာ ဟာ အမေရိကန် ဒီမိုကရေစီ ကို ဂုဏ်သိက္ခာကျဆင်း အောင် လုပ်ခဲ့တာပဲလို့ ပြိုင်ဘက် ဟီလာရီ ကလင်တန်က ဝေဖန် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ