မိုဆူးလ် ကို တိုက်ခိုက်ရာမှာ ပါဝင်ခွင့်ရဖို့ တူရကီ တောင်းဆို

  • 23 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption လောလောဆယ်မှာ တူရကီ စစ်တပ်ရဲ့ အကူအညီ မလိုသေးကြောင်း အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီ က ပြော

အီရတ် နိုင်ငံ မိုဆူးလ် မြို့က IS တွေကို တိုက်ခိုက်နေရာမှာ တူရကီ စစ်တပ် အနေနနဲ့ ဒီအတိုင်း ဆက်လက် စောင့်ကြည့်နေဖို့ မဖြစ်နိုင်ဘူးလို့ တူရကီ ဝန်ကြီးချုပ် က ပြောကြား လိုက် ပါတယ်။

IS တွေကို တိုက်ခိုက် နေတဲ့ အဖွဲ့ ထဲမှာ ရှီယာ မွတ်စလင် တွေ နဲ့ ကဒ် လက်နက် ကိုင် အဖွဲ့ တွေ ပါဝင် နေတဲ့ အတွက် အမေရိကန် နဲ့ အီရတ် နိုင်ငံတို့ဟာ တူရကီ နိုင်ငံကို ပေးထားတဲ့ ကတိကဝတ် ကို မစောင့်ထိန်း ဘူးလို့လည်း တူရကီ ဝန်ကြီးချုပ် ဘီနာလီ ယီဒါရင် က စွပ်စွဲ ပြောကြား လိုက်ပါတယ်။

မိုဆူးလ် မြို့က IS တွေကို တိုက်ခိုက် နေရာမှာ တူရကီ အနေနဲ့ လိုအပ်တဲ့ လုပ်ဆောင်မှုတွေကို မဖြစ်မနေ ဆောင်ရွက်ရမယ်လို့လည်း တူရကီ ဝန်ကြီးချုပ်က ဆိုပါတယ်။

တူရကီ နဲ့ အီရတ် ဟာ အိမ်နီးချင်း ကောင်းတွေ ဖြစ်ပေမယ့် လောလောဆယ်မှာ တူရကီ စစ်တပ်ရဲ့ အကူအညီ မလိုသေးကြောင်း အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီ က ပြောပါတယ်။

မိုဆူးလ် မြို့ကို ပြန်လည် သိမ်းပိုက် နိုင်ဖို့ တိုက်ခိုက်မှုတွေ လုပ်နေတာ ၆ ရက်မြောက် နေ့ ကို ရောက်ရှိနေပြီး တိုက်ပွဲတွေလည်း အပြင်းအထန် ဆက်လက် ဖြစ်ပွား နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ