အစိုးရ တစ်ဖွဲ့လုံး ထွက်ဖို့ အေအဲန်စီ ထိပ်တန်းခေါင်းဆောင် တောင်းဆို

  • 23 အောက်တိုဘာ 2016
Image caption လူဖြူ လူမည်း ခွဲခြားတဲ့ ခေတ်တုန်း ကထက် ပိုပြီး ဆိုးရွား နေတယ်လို့ မစ္စတာ မက်သမ်းဘူး ဝေဖန်။

တောင်အာဖရိက နိုင်ငံမှာ အာဏာရ အေအဲန်စီ ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဂျက်ဆင် မက်သမ်းဘူး က သမ္မတ ဂျက်ကော့ဘ် ဇူးမား အပါအဝင် အစိုးရ တစ်ဖွဲ့လုံး နှုတ်ထွက်ပေးဖို့ တောင်းဆို လိုက်ပါတယ်။

အေအဲန်စီ ပါတီရဲ့ ဆော်ဩရေးမှုး တာဝန် ရယူထားတဲ့ မစ္စတာ မက်သမ်းဘူး က ပါတီတွင်း မတည်မငြိမ် ဖြစ်နေမှု အပေါ် စုပေါင်းပြီး တာဝန်ခံ သင့်တယ်လို့ ဆိုပါတယ်။

အေအဲန်စီ ပါတီ ရဲ့ အပြုအမူတွေဟာ လူဖြူ လူမည်း ခွဲခြားရေး ဝါဒ ကျင့်သုံးခဲ့တဲ့ အစိုးရ ခေတ်တုန်း ကထက်တောင်မှ ပိုပြီး ဆိုးရွား နေတယ်လို့ မစ္စတာ မက်သမ်းဘူး က ပြော နေပါတယ်။

ဘဏ္ဍာရေး ဝန်ကြီး ပရာဗင် ဂေါ်ဒင်ကို လိမ်လည်မှုနဲ့ ရာဇဝတ်မှု ပုဒ်မတွေတပ် တရား စွဲဆို လိုက်တာဟာ နိုင်ငံရေး အရ တိုက်ခိုက်တာ ဖြစ်တယ်လို့ မစ္စတာ မက်သမ်းဘူး က ယူဆ ပြောဆို ထားပါတယ်။

သမ္မတ ဇူးမား အပါအဝင် သူနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း အတွင်း အကျင့်ပျက် ခြစားမှုတွေ ဆိုးဆိုးရွားရွား ရှိနေတယ် ဆိုတဲ့ သတင်းတွေ အဆက်မပြတ် ထွက်ပေါ် နေပြီး ပါတီ အတွင်း သွေးကွဲ မှုတွေ ဖြစ်ပေါ် နေသလို ပြည်သူလူထုရဲ့ ထောက်ခံမှုလည်း ကျဆင်း နေပါတယ်။

ဒါ့အပြင် တောင်အာဖရိက နိုင်ငံမှာ အလုပ်လက်မဲ့ ပြဿနာ ကြီးကြီးမားမား ကြုံတွေ့ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ