တရုတ်အရာရှိ တစ်သန်းကို အဂတိမှုတွေနဲ့ ပြစ်ဒဏ်ချခဲ့

  • 24 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဖမ်းဆီး အပြစ်ပေးခဲ့တဲ့ အရာရှိတွေဟာ လာဘ်စားမှု၊ အာဏာအလွဲသုံးမှုတွေ လုပ်ခဲ့တယ်လို့ တရုတ်အစိုးရက ပြော။

တရုတ် နိုင်ငံမှာ အဂတိ လိုက်စားမှု စွဲချက်တွေနဲ့ ဖမ်းဆီး အပြစ်ပေးခဲ့တဲ့ အစိုးရ အရာရှိ အရေအတွက်က လွန်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ တစ်သန်းကျော် ရှိခဲ့တယ်လို့ တရုတ် အစိုးရက ပြောပါတယ်။

ပြည်ပကို ထွက်ပြေးသွားတဲ့ အဂတိလိုက်စားသူ လူပေါင်း ၄၀၉ ယောက်ကိုလည်း လိုက်လံ ဖမ်းဆီး အရေးယူနိုင်တယ်လို့ ဆိုပါတယ်။

တရုတ် ကွန်မြူနစ်ပါတီ ထိပ်တန်း ခေါင်းဆောင်တွေရဲ့ တံခါးပိတ် အစည်းအဝေး ဘေဂျင်းမြို့မှာ စတင် ပြုလုပ်ချိန်မှာပဲ ဒီကိန်းဂဏန်းတွေ ထွက်ပေါ်လာတာပါ။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဦးတည် ဆောင်ရွက်ချက်ကို သမ္မတ ရှီကျင်းပင်က မူဝါဒ သတ်မှတ်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တချို့ကတော့ အဲဒီလို အဂတိမှု စွဲချက်တွေနဲ့ ဖမ်းဆီးတာတွေဟာ နိုင်ငံရေး ပြိုင်ဖက်တွေကို နှိမ်နင်းတဲ့ နည်းတစ်ခု ဖြစ်တယ်လို့ ဝေဖန်ကြတာတွေလည်း ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ