ကွက်တာမြို့ ရဲသင်တန်းကျောင်းကို သေနတ်သမားတွေ ဝင်စီး

  • 24 အောက်တိုဘာ 2016
Image caption ရဲသင်တန်ကျောင်း အတိုက်ခိုက် ခံရလို့ ၈ဝ ကျော် ဒဏ်ရာ ရရှိ

ပါကစ္စတန် နိုင်ငံ အနောက်တောင်ပိုင်း ကွက်တာ လို့ ခေါ်တဲ့ မြို့ရဲ့ အပြင်ဘက် တည်ရှိတဲ့ ရဲသင်တန်ကျောင်းကို လက်နက်ကိုင်တွေ တိုက်ခိုက် ခဲ့ကြပါတယ်။

သင်တန်းသားတွေ နေထိုင်ရာ အဆောင်ထဲ သေနတ်သမား ၆ ယောက် ဝင်ရောက် ပစ်ခတ် ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုကြောင့် လူ တစ်ဦး သေဆုံးပြီး ၈ဝ ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ ပါကစ္စတန် အစိုးရက ထုတ်ပြန်ပါတယ်။

သေနတ်သမားတွေ ထဲက အနည်းဆုံး ၂ ယောက် လည်း သေဆုံး သွားတယ်လို့ ဆိုပါတယ်။

ကွက်တာ မြို့ဟာ ခွဲထွက်ရေး သူပုန်တွေနဲ့ အစ္စလာမ်မစ် လက်နက်ကိုင်တွေ လှုပ်ရှားမှု ရှိတဲ့ ဘာလူချစ္စတန် ပြည်နယ်ထဲက အဓိက မြို့ကြီး ဖြစ်ပြီး၊ အရင်တုန်းကလည်း အလားတူ တိုက်ခိုက်မှုတွေ ကြုံတွေ့ ခဲ့ရဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ