ဂျာမနီမှာ အစွန်းရောက်တွေ ရှာဖွေ

  • 25 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Bodo Schackow
Image caption ချက်ချင်ညာက လာတဲ့ ခိုလှုံခွင့် တောင်းခံသူ တွေကို ရှာဖွေ

ဂျာမနီ နိုင်ငံ တဝှမ်းက တိုက်ခန်းတွေမှာ တပြိုင်နက် စီးနင်း ရှာဖွေမှုတွေ လုပ်ပြီး အစွန်းရောက် လုပ်ရပ်တွေမှာ ပါဝင်တယ် ဆိုတဲ့ ချက်ချင်ညာက လာတဲ့ ခိုလှုံခွင့် တောင်းခံသူ တွေကို ရှာဖွေခဲ့ပါတယ်။

ချက်ချင်ညာက လာတဲ့ ရုရှ လူမျိုး တယောက်ကိုတော့ ဆီးရီးယားက IS အုပ်စုနဲ့ ပူးပေါင်းဖို့ ကြံတယ် ဆိုပြီး ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

နောက်ထပ် ချက်ချင်ညာက လို့ ယူဆရတဲ့ အမျိုးသား ၁ဝ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ကိုလည်း အကြမ်းဖက် ကိစ္စတွေမှာ ထောက်ပံ့ ရာမှာ ပါတယ် ဆိုပြီး စစ်ဆေးမှုတွေ လုပ်နေပါတယ်။