ပြင်သစ် ကယ်လေမှာ ကလေးတွေ ကျန်နေသေး

  • 27 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ကလေးတွေက ဒုက္ခသည် အဖြစ် မှတ်ပုံတင် ဖို့ ကျန်နေ သေး

ပြင်သစ် နိုင်ငံ မြောက်ပိုင်း ကယ်လေ ဒေသမှာ Jungle လို့ လူသိများ တဲ့ ဒုက္ခသည် တွေ အခြေချ နေထိုင် နေတဲ့ စခန်း ကို ဖျက်သိမ်း နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြင်သစ် အာဏာပိုင် တွေက ပြောပါတယ်။

ဒါပေမယ့် အဲဒီမှာ အဖော်မပါတဲ့ ကလေး သူငယ် အယောက် တစ်ရာ နီးပါး ရှိနေ သေးတယ်လို့ Save the children အဖွဲ့ကြီးကပြောပါတယ်။

အသက် မပြည့်သေးတဲ့ ကလေးတွေဟာ ဒုက္ခသည် အဖြစ် မှတ်ပုံတင် ထားခြင်း လည်း မရှိဘဲ၊ ဘယ်သွားလို့ ဘယ်လာ ရမယ်မှန်းလဲ မသိဘူးလ်ို့ ဆိုပါတယ်။

မီးလောင် နေတဲ့ တဲတွေ ရဲ့ ဘေးမှာ ရပ်ကြည့် နေတဲ့ ကလေး ငယ် အချို့ ကိုလည်း တွေ့မြင် ခဲ့ရပြီး အဲဒီ ကလေးတွေက ဒုက္ခသည် အဖြစ် မှတ်ပုံတင် ဖို့ ကျန်နေ သေး ကြောင်း ကလေးသူငယ် အကူအညီပေးရေး အဖွဲ့တွေက ပြောနေပါတယ်။

ပြင်သစ် အာဏာပိုင် တွေကတော Jungle ဒေသ က ဒုက္ခသည်တွေကို အခြား ဒေသ မှာ ရှိတဲ့ ဒုက္ခသည် စခန်း တွေဆီကို ပို့ဆောင်ခဲ့ပြီး ဖြစ်ကြောင်း နဲ့ ရွှေ့ပြောင်းရေး လုပ်ငန်း တွေ ပြီးပြည့်စုံခဲ့ပြီ လို့ ပြောကြားနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ