အီတလီမှာ အင်အားပြင်းငလျင် ၂ ခု လှုပ်ခတ်ခဲ့

  • 27 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ၅.၄ ရစ်ချ်တာ စကေး ရှိပြီး နောက်ထပ် ၂ နာရီ အကြာမှာ အင်အား အဆင့် ၆ ရစ်ချ်တာ စကေး

အီတလီ နိုင်ငံ အလယ်ပိုင်း က ပရူးဂျီယာ မြို့မှာ နှစ်နာရီ အတွင်း အင်အား ပြင်းထန် တဲ့ မြေငလျင် နှစ်ခု ဆက်တိုက် လှုပ်ခတ် ခဲ့ပါတယ်။

ပထမ မြေငလျင် က အင်အား အဆင့် ၅.၄ ရစ်ချ်တာ စကေး ရှိပြီး နောက်ထပ် ၂ နာရီ အကြာမှာ အင်အား အဆင့် ၆ ရစ်ချ်တာ စကေး ရှိတဲ့ မြေငလျင် တွေ လှုပ်ခတ်ခဲ့တာပါ။

ငလျင် နဲ့ ပတ်သက်ပြီး လူဆယ်ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး အဲဒီ အထဲက လေးယောက်ရဲ့ ဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။

လောလောဆယ်မှာ ငလျင် ဒဏ်ကြောင့် ထိခိုက် သေဆုံးမှု စာရင်း ကို မသိရ သေးပေမယ့် လျှပ်စစ် ဓါတ်အား လိုင်းတွေ ပြတ်တောက် ခဲ့ပြီး၊ အဆောက်အဦး အချို့လည်း ပြိုကျ ခဲ့ပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့က နိုင်ငံတောင်ပိုင်းမှာ လှုပ်ခတ် ခဲ့တဲ့ ငလျင် ဒဏ်ကို ရောမ မြို့တော် ကနေပါ ခံစား သိရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ အတွင်းက အီတလီ နိုင်ငံက အကြီးအကျယ် မြေငလျင် လှုပ်ခတ် ခဲ့တဲ့ ဒေသ နဲ့ အခု မြေငလျင် လှုပ်ခတ်ခဲ့တဲ့ နေရာက သိပ်မဝေးဘူး လို့ သိရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ