ဒေါ်နယ်ထရမ့် နိုင်ဖို့ ရုရှကြံစည်ဆိုတဲ့ စွဲချက်ပယ်ချ

  • 28 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Mikhail Klimentyev
Image caption အမေရိကန်မှာ ဘယ်သူတက်တက် လက်တွဲ လုပ်သွားဖို့ အသင့်ရှိ

အမေရိကန် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ပါတီ သမ္မတလောင်း ဒေါ်နယ် ထရမ့် အနိုင်ရအောင် ရုရှက ကွန်ပျူတာ စနစ်တွေ ဖောက်ထွင်းပြီး ကြံစည်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ရုရှ သမ္မတ ဗလာဒီမာ ပူတင်က ပယ်ချ ခဲ့ပါတယ်။

အမေရိကန်ဘက်က ဒီလို ပြောဆိုတာတွေဟာ သွေးရူးသွေးတမ်း နိုင်ပြီး ဒီမိုကရက် ပါတီရုံးချုပ်က ကွန်ပျူတာတွေကို ထိုးဖောက်မှု နောက်မှာ ရုရှ ရှိတယ် ဆိုတဲ့ စကားဟာလည်း ရယ်စရာ ကောင်းတယ်လို့ မစ္စတာ ပူတင်က ဆိုပါတယ်။

နောက်လ အမေရိကန် ရွေးကောက်ပွဲမှာ ဘယ်သူတက်တက် သူ့အနေနဲ့ လက်တွဲ လုပ်သွားဖို့ အသင့်ရှိတယ်လည်း ဆိုပါတယ်။

အမေရိကန်မှာ ဆယ်စုနှစ်တွေနဲ့ချီပြီး လူအုပ်စု တစုက အာဏာရနေတာကို မစ္စတာ ထရမ့် က စိတ်ပျက်နေတာသာ ဖြစ်တယ်လို့လည်း ရုရှ ခေါင်းဆောင်က ဆိုပါတယ်။