ထိုင်းဘုရင်ကို ပြည်သူတွေ ဂါရဝပြုဖို့ ခွင့်ပြု

  • 29 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ညဦးပိုင်းကတည်းက စောင့်ဆိုင်းနေကြတဲ့ ထိုင်းပြည်သူတွေ

ထိုင်းနိုင်ငံမှာ ဒီလအစောပိုင်းက ကွယ်လွန်သွားတဲ့ ဘုရင်ရဲ့ ရုပ်ကလပ်ကို အများပြည်သူတွေ ဂါရဝ ပြုနိုင်ဖို့အတွက် ပထမဆုံး အကြိမ် ခွင့်ပြုလိုက်ပါတယ်။

အခုလို ဝင်ရောက်ကြည့်ရှုနိုင်ဖို့အတွက် လူတန်းရှည်ကြီး ဘန်ကောက်မြို့က ထိုင်းတော်ဝင် နန်းတော်ရှေ့မှာ ညဦးပိုင်းကတည်းက စောင့်ဆိုင်း နေကြတာ ဖြစ်ပါတယ်။

ထိုင်းဘုရင်ကြီး ဘူမိဘောရဲ့ ရုပ်ကလပ်ကို တရက် လူတသောင်း ကြည့်ရှုခွင့်ပေးမှာ ဖြစ်ပြီး ဝမ်းနည်းခြင်းအထိန်းအမှတ်အနေနဲ့ ထိုင်းတော်ဝင် နန်းတော်ထဲမှာ တနှစ်ထားရှိမှာ ဖြစ်ပါတယ်။

ဘုရင်ကြီး ဘူမိဘော အဒူလျာဒက်ဟာ ကမ္ဘာပေါ်မှာ နန်းသက်အရှည်ဆုံး ဘုရင်ဖြစ်ပြီး အသက် ၈၈နှစ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဘုရင့်အရိုက်အရာကို ဆက်ခံမယ့် ထိုင်းအိမ်ရှေ့မင်းသား မဟာ ဝိဂျာရာ လောင်ကွန်းကလည်း ဖခင် ကွယ်လွန်ခါစ ဝမ်းနည်းတဲ့အတွက် ထီးနန်းဆက်ခံတာကို ဆိုင်းငံ့ထားဖို့ ထိုင်းအာဏာပိုင်တွေကို ပြောဆိုထားပြီး ဘယ်အချိန် ဆက်ခံမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ