ဗဟိုအာဖရိကမှာ ကုလတပ်တွေ အခက်တွေ့

  • 29 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၄ကတည်းက ရောက်နေတဲ့ ကုလတပ်ဖွဲ့ဝင်တွေ

ဗဟိုအာဖရိကနိုင်ငံမှာ ခရစ်ယန်နဲ့ မူဆလင်အုပ်စုတွေအကြား ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ထိန်းသိမ်းရ ခက်လာပြီလို့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေက ပြောပါတယ်။

ဘန်ဘာရီမြို့အနီးတဝိုက်မှာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ အနည်းဆုံး၂၅ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ သောကြာနေ့က ခြုံခို တိုက်ခိုက်ခံရတဲ့ ရဲဝန်ထမ်း ၆ဦးလည်း ပါဝင်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ဆလေကာ မူဆလင်သူပုန်တွေက ခရစ်ယန် သမ္မတ ဘိုဇီဇီကို ဖြုတ်ချပြီးနောက်ပိုင်းမှာ ပဋိပက္ခတွေ စဖြစ်လာတာ ဖြစ်ပါတယ်။

အဲဒီ အချိန်ကတည်း စခဲ့တဲ့ ပဋိပက္ခတွေကြောင့် လက်ရှိအချိန်အထိ လူတွေ ထောင်နဲ့ချီ သေဆုံးခဲ့ရပြီး သိန်းနဲ့ချီတဲ့ အရပ်သားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။

အခုလောလောဆယ်မှာ ဗဟိုအာဖရိကနိုင်ငံအတွင်း တပ်ဖြန့်ထားတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်သား စုစုပေါင်း တသောင်း နှစ်ထောင်ကျော် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ