FBI ကြေညာချက်ကြောင့် ဟီလာရီ ကလင်တန် အခက်အခဲ ဖြစ်

  • 30 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption FBI ရဲ့ ထုတ်ပြန် ချက်က ထူးခြားပြီး အံ့အား သင့်ဖို့ ကောင်းတယ်လို့လည်း ရွေးကောက်ပွဲ မဲဆွယ် စည်းရုံး ပွဲ တစ်ခု မှာ ဟီလာရီ ကလင်တန် က ပြော

အမေရိကန် ထောက်လှမ်းရေး ဗျူရို FBI က သူ့ရဲ့ ကိုယ်ပိုင် ဆာဗာ နဲ့ အီးမေးလ် အသုံးပြု ခဲ့မှု ကို ပြန်လည် စစ်ဆေး မယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် အခက်အခဲ တွေ ကို တွေ့ကြုံ နေရတယ်လို့ ဟီလာရီ ကလင်တန် က ထုတ်ဖော် ပြောကြား ပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ၁၀ ရက်လောက်ပဲ ကျန်တော့တဲ့ ကာလမှ FBI ရဲ့ ထုတ်ပြန် ချက်က ထူးခြားပြီး အံ့အား သင့်ဖို့ ကောင်းတယ်လို့လည်း ရွေးကောက်ပွဲ မဲဆွယ် စည်းရုံး ပွဲ တစ်ခု မှာ ဟီလာရီ ကလင်တန် က ပြောပါတယ်။

FBI ညွှန်ကြားရေးမှူး ဂျိမ်းစ် ကိုမီ ကတော့ သူ့ အနေနဲ့ အသစ် ထပ်မံ တွေ့ ရှိမှုတွေ ကြောင့် ထုတ်ဖော် ပြောကြားဖို့ တာဝန် ရှိပြီး အမေရိကန် ပြည်သူတွေကို အထင် အမြင် မှားအောင် လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ပြောပါတယ်။

ဟီလာရီ ကလင်တန် ဟာ ဥပဒေ ကို ချိုးဖောက် ခဲ့တာ ဖြစ်ပြီး အရေးယူ ပေးဖို့ ရီပတ်ဘလီကန် ပါတီ သမ္မတလောင်း ဒေါ်နယ် ထရမ့် က ပြင်းပြင်းထန်ထန် တောင်း ဆို နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ