အီတလီနောချေမြို့မှာ ငလျင်ကြီးလှုပ်

  • 30 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် @MONKSOFNORCIA
Image caption ပြိကျသွားတဲ့ ဘုရားကျောင်းတကျောင်း

အီတလီအလယ်ပိုင်း နော်ချာမြို့မှာ အားပြင်းတဲ့ ငလျင်တခု လှုပ်ခတ်သွားတဲ့အတွက် အနီးနားက ရှေးဟောင်း မြို့ရွာတွေကိုပါ ရိုက်ခတ်သွားပါတယ်။

ဒီငလျင်ဟာ ဒေသစံတော်ချိန် မနက် ၇:၄၀ မှာ နော်ချာမြို့အနီး လှုပ်ခတ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်လက ငလျင်လှုပ်ခဲ့တဲ့ နေရာနဲ့ သိပ်မဝေးဘူးလို့ သိရပါတယ်။

ငလျင်ကြောင့် လူ ၂၀လောက် ဒဏ်ရာရခဲ့ပေမယ့် အသေအပျောက်ကိုတော့ မသိရသေးပါဘူး။

ငလျင်ဗဟိုချက်နဲ့ နီးတဲ့ နော်ချာမြို့မှာတော့ ၁၆ ရာစုနှစ်က ဆောက်ခဲ့တဲ့ ဘုရားကျောင်း စိန့်ဘနားဒစ်ဟာ လုံးဝ ပျက်စီးသွားခဲ့ရပါတယ်။

ယခင် သြဂတ်စ်လတုန်းက အကြီးအကျယ် ငလျင်လှုပ်ခဲ့တဲ့ အမာထရီချေမြို့က စိန့်အောဂတ်စတင်း ဘုရားကျောင်းလည်း ဆိုးဆိုးရွားရွား ပျက်စီးသွားပါတယ်။

အခုလှုပ်ခတ်သွားတဲ့ ငလျင်အား ၆.၅ ရစ်ချတာ စကေးဟာ အီတလီအတွက် ၁၉၈၀နောက်ပိုင်း အားအပြင်းဆုံး ဖြစ်ပါတယ်။

အခု လှုပ်တဲ့ ငလျင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လက လှုပ်ခဲ့တဲ့တဲ့ ငလျင်ထက် ကြီးပြီး သြဂုတ်လမှာတုန်းကတော့ လူ ၃၀ဝ နီးပါး သေဆုံးခဲ့ပါတယ်။

ငလျင်ရဲ့ အရှိန်ကို ရောမ မြို့တော်ကနေပါ ခံစားခဲ့ရတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ