အိုင်အိုဝါမှာ ရဲနှစ်ဦးကို ပစ်သတ်သူကို ရှာဖွေနေ

  • 2 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption သေဆုံးသူ ရဲအရာရှိ နှစ်ဦးစလုံး သီးခြားစီ ရဲကားပေါ်မှာ ထိုင်နေစဉ် ချောင်းမြောင်း ပစ်ခတ်ခံခဲ့ရ။

အမေရိကန် ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်မှာ ရဲအရာရှိနှစ်ယောက် ချောင်းမြောင်း ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီးနောက် ပစ်ခတ်ခဲ့သူကို လိုက်လံ ရှာဖွေနေပါတယ်။

သတ်ဖြတ်ခံရတဲ့ ရဲအရာရှိ နှစ်ယောက်ဟာ အိုင်အိုဝါ မြို့တော် ဒယ်မွိုင်းမြို့က အာဘန်ဒယ် မြို့နယ်အတွင်းမှာ ဗုဒ္ဓဟူးနေ့က သီးခြားစီ ရဲကားပေါ်မှာ ထိုင်နေကြစဉ် ပစ်ခတ် ခံခဲ့ရတာလို့ ဒယ်မွိုင်းမြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်သူ သေနတ်သမားလို့ သံသယရှိသူဟာ အာဘန်ဒယ် မြို့နယ်က ၄၆ နှစ်အရွယ် Scott Michael Greene ဖြစ်တယ်လို့ ရဲတွေက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အဲဒီလူဟာ လက်နက် ကိုင်ဆောင်ထားနိုင်တဲ့အတွက် အများပြည်သူကို အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပြီး ကျောင်းတွေလည်း ပိတ်ထားလိုက်ပါတယ်။

အခုလို ပစ်ခတ် တိုက်ခိုက်တဲ့ ရည်ရွယ်ချက်ကိုလည်း ကွဲကွဲပြားပြား မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ